Part 3

363 67 14
                                    

Unicode

" ဘာလုပ်နေတာလဲ အဲ့ဒါ "

စာသင်ခန်းထဲ မဝင်သေးပဲ လွယ်အိတ်ကြိုးကိုလက်ဖြင့်တင်းတင်းဆုပ်ကိုင်ကာ တောင့်တောင့်လေးဘေးကပ်ရပ်နေသော ဖိုးပြည့်က သူ့အသံကြားတော့ လှည့်ကြည့်လာ၏။

မနက်ပိုင်းကျောင်းမတက်ခင် သောက်ရေအိုးဖြည့်ရမှာမို့ ကျောင်းရေတွင်းဆီ သွားရသည်။ ရေတွင်းလေးထားရှိရာ အဆောင်က သီးသန့်။ ကျောင်းအဆောင်က နှစ်ခုတည်းသာ။ နှစ်ထပ်ဆောင် နှစ်ဆောင်အား L ပုံသဏ္ဍာန်တည်ဆောက်ထား၏။ သူတို့အဆောင်၏ ၆တန်းအခန်းကအစွန်းဆုံး။ ထိုမှတဆင့် ၅တန်း၊ လေးတန်းဟူ၍ တန်းစီထားရှိသည်။ ၄တန်းအခန်းရှေ့ကိုဖြတ်ပြီးမှ အဆောင်မှထွက်ကာ ဘောလုံးကွင်းကိုဖြတ်လျှောက်ပြီးမှ ရေတွင်းရှိရာအဆောင်သို့ရောက်လေသည်။

ဖိုးပြည့်က ဘာလုပ်နေတာလဲ။ စာသင်ခန်းထဲ မဝင်ဘူးလား။ သူကျောင်းပြန်တက်သည့်ရက်မှာ အတူတူ ကျောင်းသွားဖို့ အမေကပြော၍ မနက်ကအတူတူလာခဲ့ပေမဲ့ သူတောင်ရေအိုးထမ်းကာထွက်လာခဲ့ပြီ။ ဖိုးပြည့်က အခန်းထဲတောင် မဝင်ရသေး။

" ကိုဝိုင်းချစ် .... ကျွန်တော် .. "

" အေး ဘာလုပ်နေတာလဲ လို့ ငါမေးနေတာလေ ... အောင်အောင် .. မင်း ရေအိုးယူပြီး ရေဖြည့်ထားနှင့် .. ငါလာထမ်းမယ် "

အောင်အောင်က သူ့လက်ထဲမှ ရေအိုးကိုလက်ပြောင်းယူကာ ရေတွင်းဆီထွက်သွားလေပြီ။

" လာဦး "

အခန်းဝမှ ဘေးသို့အနည်းငယ်ရွှေ့ကာ ပြတင်းပေါက်မှတဆင့် အခန်းတွင်းသူချောင်းကြည့်မိလိုက်သည်။

ဘာမှတော့မတွေ့ပါ။ အခန်းထဲမှာ ကျောင်းသားလေးတွေက အေးဆေးထိုင်နေကြသည်လေ။

" ပြော ... ဘာလို့မတ်တပ်ကြီးရပ်နေတာလဲ "

" ကျွန်တော့်နေရာ ပျောက်သွားလို့ "

" ဟမ် "

နားမလည်သလို သူစောင်းငဲ့ကြည့်ကာမေးတော့ ဖိုးပြည့်က မ​ဖြေတတ်တော့သလို ပါးစောင်ကိုကုတ်ခြစ်လာ၏။ မနက်ကလိမ်းကျံလာသည့် သနပ်ခါးထူထူတွေက တစ်ခါကုတ်လိုက်တိုင်း ဖွာခနဲဖွာခနဲ။

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now