Part 9

292 35 15
                                    

Unicode

Recommand song for this chapter - နှစ်သိမ့်တဲ့တေး

" သက္ကလ ဝဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာရ ဧတံ ကာသာဝံ ဒတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ "

နှစ်ထပ်ကျွန်းဆောင် ဘုန်းတော်ကြီးကျောင်းသည်ကား အိုမင်းလှပြီမို့ ဆေးသားတို့ ပြယ်လွင့်​နေပြီ ဖြစ်သော်လည်း တောင့်တင်းခိုင်မာနေဆဲ။ နံရံထက်တွင်တော့ ဗုဒ္ဓဝင်ဆေးရေးပန်းချီများ ချိတ်ကာထား၏။ ဖယောင်းတိုက်ထားသည့် ကြမ်းခင်းပြင်သည်ကား အေးမြချောမွေ့ချက်မှာ ဖျာပင်ခင်းစရာမလိုနေခဲ့ပေ။

ကျောင်းအိုအို ရဟန်းအိုအို၏ရှေ့မှောက်တွင် ဦးပြည်းပြောင်ပြောင် သနပ်ခါးဖုံဖုံဖြင့် သင်္ကန်းတောင်းနေသော မောင်ရင်လောင်းသည်ကား မည်သူဖြစ်မည် ထင်ပါသနည်း။

သားသမီးရနိုင်သော မိဘ ရှားသည်။ သားမွေးနိုင်သော မိခင်က သာ၍ရှားသည်။ ထိုသားကို သားရှင်ပြုခွင့်ရသော မိခင်သည်ကား အရှားဆုံးပင်။ ရင်မှဖြစ်သောသားကို သာမဏေဝတ်ဖြင့် မြင်ရလေသော မိခင်သည် ပီတိအဟုန် ခြုံလွှမ်းနေပေပြီ။

သင်္ကန်းတောင်းနေသော မောင်ရင်လောင်း၏ နောက်နားဆီတွင် လူငယ်လေးနှစ်ယောက်လည်း အတူရှိနေ၏။ ခပ်နွမ်းနွမ်းအဖြူရောင်ရှပ်ကလေး ဝတ်ထားသော လူငယ်လေးသည် နံ့သာရောင်ရှပ်လက်ရှည်ဝတ်ကာ ခပ်ပြုံးပြုံးထိုင်နေသော ကောင်ကလေးထက် ပို၍ငယ်ရွယ်မှန်းသိသာလှ၏။

" ဖိုးပြည့် ... မင်းအစ်ကိုက ဒီလိုဆိုတော့လည်း အိန္ဒြေရသားနော် .. သင်္ကန်းတောင်းဆိုသွားတာလည်း ချောလို့ "

" အစ်ကိုက လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ကျွန်တော့်ဆီမှာ သင်္ကန်းတောင်း သင်သွားတာ .. "

ဤဖြစ်အင်ကို ကြည့်နေမြင်နေရသည့် ပြည့်စုံချမ်းသာ၏ စိတ်ထဲတွင် ပီတိနှင့်တပြိုင်နက် ဝမ်းနည်းမှုကိုပါ ခံစားနေရ၏။ သူသည်ကား သင်္ကန်းစီးနှောင်ခွင့်မရှိပါတဲ့လေ။

" ဘာကိုသင်္ကန်းစီးမှာလဲ ... သူက ဟိုဟာလေ .. သိတယ်မလား .. အဲ့လိုလူမျိုးတွေက သာသနာ့ဘောင်ဝင်လို့မရဘူးလေ "

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now