Unicode
ထိုညနေက နောက်ဆုံးတွေ့လိုက်ရခြင်းပင်။ ပြန်ခါနီး သူ့လက်ကို ခပ်တင်းတင်းဆုပ်ကာ ငိုချင်နေခဲ့သော မျက်ဝန်းများ။
ငိုချင်ရှာမှာပေါ့။ ကောင်ကလေးက အတော်ငယ်သေးသည်လေ။ မိဘရင်ခွင်ထဲ ခိုဝင်ကာ ချွဲနွဲ့ရမည့် အရွယ်မှာ တစ်နယ်မှာ ကျောင်းလာတတ်ရသည်။ ကျောင်းပိတ်ချိန်အိမ်ပြန်မှ မိခင်ရင်ငွေ့လှုံရသူ။
ခုတော့ မိခင်ရင်ငွေ့မရှိရှာတော့။ သူ့လိုဖခင်မရှိသူထက် မိခင်မရှိသော ဖိုးပြည့်က ပို၍ ခံရခက်ပေလိမ့်မည်။
ပြန်လာခဲ့နော် ဟု သူမှာလိုက်သော်ငြား ကောင်ကလေးပြန်မလာတော့မှန်း သူသိသည်။ ဖခင်နှင့်အတူ လယ်ထဲဆင်းရလိမ့်မည်။ ရေထဲဆင်းကာ ငါးရှာရလိမ့်မည်။ သူကလေး အတော်ပင်ပန်းပေတော့မည်။
စာမလာသတင်းမပါးသော်ငြား သူကတော့ ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းကို သွားကာ ဘဘုန်းနား နားပါမြဲ။
နောက်တော့ ဘဘုန်းလည်း သူ့ကိုမြင်သည်နှင့် ဖိုးပြည့်အကြောင်းမေးမည်မှန်း သိနေခဲ့လေပြီ။
ဖိုးပြည့်ရွာမှာ အဆင်ပြေသည်။ ဖခင်နှင့်အတူ လယ်ထဲဆင်းနေသည်။
ဖိုးပြည့်ရွာမှာ အဆင်ပြေသည်။ ဖခင်နှင့်အတူ ပဲလိုက်နှုတ်နေသည်။
ဖိုးပြည့်ရွာမှာ အဆင်ပြေသည်။ ဖခင်နှင့်အတူ စပါးလှေ့နေသည်။
ဖိုးပြည့်ရွာမှာ အဆင်ပြေသည်။
ဖိုးပြည့်ရွာမှာ အဆင်ပြေသည်။ဤသို့နှင့် သူ၏ရှစ်တန်းတစ်နှစ်ပတ်လုံးသာ ကုန်ဆုံးသွားခဲ့သည်။ ဖိုးပြည့်သည်ကား သူ့ရှေ့တွင်ပေါ်မလာခဲ့ပါလေ။
...................
သီဝိုင်းချစ်တစ်ယောက် နဝမတန်းကျောင်းသားဖြစ်လာသည်နှင့်အမှျ သူ့ပခုံးပေါ်တွင် သူ့အတွက် မဟုတ်သောဖိအားများကကပ်ပါလာတော့သည်။
အခုမှ နဝမတန်း တက်နေသောသူ့ကို တက္ကသိုလ်ဝင်တန်းနှင့်ပတ်သက်၍ လာဖိနေကြတော့သည်။ မသီ တစ်ဘာသာပါထား၍ သူသည်လည်း ဂုဏ်ထူးထွက်ရမည်ဆိုသော ဖိအား။

أنت تقرأ
သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစား
عاطفيةငါ က မင်းကို ချစ်တယ် ပေါ့ .. ဖိုးပြည့် (ခ) လင်းပြည့်ဦး အူကြောင်ကြောင်လေး လုပ်မနေနဲ့ ဖိုးပြည့် ငါက ချစ်တယ်လို့ပြောရင် မင်းက ဟင့်အင်းလို့ပြောလို့မရဘူး ငါ့ကို ချစ်တယ် လို့ပဲ ပြောရမယ် .. ဟာ ပြောနေတယ်လေ .. ငါ့ကို အူကြောင်ကြောင် ကြည့်မနေနဲ့လို့ ... သီဝို...