Part 10

276 30 3
                                    

Unicode

" ဒီနေ့ မင်းကိုငါသတ်ရလိမ့်မယ် ... ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ ... "

ဖွင့်ထားသောတီဗွီမှ အသံသည်ကား ထမင်းရောင်းနေချိန်နှင့် လုံးဝကို လမိုင်းကပ်မနေပါလေ။ ဘယ့်နှယ် ကြော်ငြာကြီးလဲ။ ဇာတ်ကားခွေတိုင်းနီးပါးတွင် ထိုကြော်ငြာက ကြောင်တောင်ကျားတား အော်ကြီးဟစ်ကျယ်ပါမြဲ။

သိပါသည်။ လက်ဆေးဖို့ အသိပညာပေးကြော်ငြာမှန်း။ သို့သော်လည်း အင်း သို့သော်လည်းပေါ့။ နောက်တစ်ခုဆို ပိုဆိုးသေး။ ချောင်းထဲလှေလှော်ရင်း လက်ထဲ အီးတုံးပါလာတာလေ။

ခင်ဗျားတို့ပဲ စဥ်းစားကြည့်။ အီးပါလိုက်ရင် အဲ့သည်အီးတုံးက ရေနဲ့ထိမှတော့ ပျော်သွားလောက်ပြီပေါ့။ မပျော်ရင်လည်း သူ့အလေးချိန်နှင့်သူ ရေအောက်ရောက်သွားမပေါ့။ ရေထဲပေါလောမျောလာစရာလား။ အီး။ ပြောရင်းရွံလာပြီ။

" ဖိုးပြည့် ရီမုတ်နဲ့ နည်းနည်းလောက် ကျော်လိုက်စမ်းပါကွာ "

တီဗွီစင်နား စားပွဲထိုးနေသော လင်းပြည့်ဦးဟာ ရီမုတ်ကိုယူပြီး ကျော်ပစ်လိုက်ခါမှ သူလည်း တံတွေးမြိုကျတော့သည်။

" အရည်သောက်လိုက်ပွဲ လုပ်ပါဦး "

ခရီးသွားရာသီ ဟုတ်ဟုတ်မဟုတ်ဟုတ် ၂၀၁၂-၂၀၁၃ ဆိုသည်က ခရီးအသွားကြဆုံး ရာသီလိုကို ဖြစ်နေခဲ့သည်။ အများစုက ကချင်ကိုအသွားဆုံးပင်။

" ဘာသွားလုပ်ကြမလို့လဲ ဦးလေးတို့က .. အဲ့မှာအလုပ်အကိုင်ပေါလား "

ဟင်းရည်လိုက်ပွဲလောင်းထည့်ပေးရင်း သူစပ်စုတော့ ထိုထိုသောခရီးသွားအများစု၏အိပ်မက်များက ပွင့်အံကျလာတော့သည်။

" ရွှေသွားကျင်မလို့ "

" ကျောက်သွားတူးမလို့ "

အဝတ်အထည်နွမ်းနွမ်း၊ အသားအရည်ကြမ်းကြမ်း၊ ဘဝခါးသမျှ ကျောစီးခံလာကြသည့် လူပျိုလူလတ် အစားစား၏မျက်နှာထက်တွင်တော့ မျှော်လင့်ချက်ရောင်ခြည်တို့က လင်းလက်လို့။

" ဖားကန့်မှာ ရွှေကျင်တာတို့ ကျောက်တူးတာတို့ လုပ်လို့ရတယ်တဲ့ "

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Feb 09, 2023 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားHikayelerin yaşadığı yer. Şimdi keşfedin