Part 1

567 79 1
                                    

Unicode

" ဒကာမကြီး ဒီကလေးက ဦးဇင်းတို့ကျောင်းကလေ "

ဆိုင်ကိုဆွမ်းခံကြွနေကျ ဦးဇင်းအနောက်မှ ကောင်လေးသေးသေးလေးကို သီဝိုင်းချစ် ချောင်းကြည့်လိုက်မိသည်။

" ကျောင်းနေသလား ဘုရား "

" နေတယ် ... ခုဆို ၄တန်း.. မိဘတွေက ကျပ်တည်းတော့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စကူဖို့ပို့ထားတာ ... ဘဘုန်းကြီးက ကျောင်းထားပေးတယ်လေ "

" တပည့်တော်တို့ ဆိုင်မှာလည်း လူလိုတယ်ဆိုပေမဲ့ ဒီကလေးက ငယ်လွန်းသေးတယ်ဘုရား ... သားထက်တောင် ငယ်သေးတယ် ... တအားလည်း ညှပ်တော့ မခိုင်းရဲပါဘူး "

" အင်း ဦးဇင်းတို့ကျောင်းမှာတော့ အနေအစား အဆင်ပြေတယ်ဆိုပေမဲ့ ... တစ်သက်လုံး လူတောမတိုးမှာစိုးလို့ ပို့ထားချင်တာ ... ဒကာမကြီးတို့ အဆင်မပြေရင် ဦးဇင်းလည်း မတိုက်တွန်းတော့ပါဘူး .. ကဲ ဆွမ်းစားချိန်လည်းရောက်ပြီ ... "

" တင်ပါ့ဘုရား ဦးချပါတယ်ဘုရား .. "

အမေနှင့်အတူ ဘုန်းကြီးကျောင်းဝန်းထဲမှ ထွက်လာခိုက် သပိတ်ကြီးများထမ်းကာ ကျက်သရေဆောင်နှင့် ဆွမ်းစားဆောင်ကို နေပုထဲပြေးနေသော ကောင်လေးငယ်ကို သီဝိုင်းချစ် မြင်လိုက်ရသေး၏။

" အမေ .. "

" ဟင် "

" အဲ့ကလေးကို သားတို့ မွေးစားလိုက်လို့မရဘူးလား "

" ကလေးတစ်ယောက်မွေးစားတာ လွယ်တယ်မှတ်နေလား... ကလေးကကလေးနေရာနေစမ်းပါအေ "

" အမေကလည်း "

" အမေကမလည်းနဲ့ .. ဒီအပတ် အဆင့်၁ မရရင် TV မကြည့်ရဘူး "

" ဟာ "

အမေက သူ့ကိုဆို အရမ်းတင်းကြပ်လွန်းသည်။ မမနှင့်ပင်မတူ။ မသီကို ဘာလို့များ မတင်းကြပ်သလဲဟု မေးစဉ်က မသီက သူနှင့်မတူပဲ လိမ္မာသည်ဟု ပြန်အပြောခံလိုက်ရ၏။

မသီ။ ခရေသီ ဟူသော အမျိုးသမီးငယ်။ သူ့ထက် ၄နှစ်ကြီးသော မွေးချင်းအစ်မ။ အစ်မမွေးစဉ်က သမီးဦး ဟုဆိုကာ အတော်ကလေး အလိုလိုက်ခဲ့ကြသည်။ အမေဆို သွားလေရာ ခေါ်သွားသည်တဲ့။ စက်ဘီးခြင်းကလေးထဲ ထည့်ကာ ခေါ်ခေါ်သွားတတ်ပြီး ညအိပ်ညနေခရီးလည်း တစ်ခါမှ မသွားချေ။

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now