Part 6

353 68 1
                                    

Unicode

ထိုသို့ဖြင့် ဖိုးပြည့်တစ်ယောက် သူ့ဘဝထဲ ထပ်မံဝင်ရောက်လာခဲ့ပါတော့သည်။

" အဖေရော "

" အဖေက ရွာမြောက်ပိုင်းက မုဆိုးမတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ် "

တစ်အိမ်လုံးက တိတ်ဆိတ်နေခဲ့ပြီ။ ကားဝင်းထဲရှိ ကားအဝင်အထွက်အသံတစ်ချို့ကတော့ ကြိုကြားကြိုကြား ကြားနေရသည်။

ပစ္စည်းအတင်အချအသံများ၊ ပစ္စည်းစစ်နေသံများ၊ ပစ္စည်းထည့်ရာ ဂိတ်ခန်းတံခါးများကို ဆွဲဖွင့်နေသံများ။

အမေတို့အိပ်မောကျနေသံများနှင့် တစ်ချို့ဟောက်သံများကို သူတို့ ကြားနေရသည်။

သူ့ကိုကျောပေးကာအိပ်စက်နေသောကောင်လေးသည်လည်း မအိပ်နိုင်သေးမှန်း သူသိနေသည်။

" ဒီဘက်လှည့်ပါဦးလား ... မတွေ့ရတာကြာလို့ သတိရနေတာကို "

" ကိုသီဝိုင်းချစ် .. မီးပိတ်ထားတာလေ... ကျွန်တော်လှည့်လာတော့ရော မြင်ရမှာလား "

" ရင်ဘတ်ချင်းနီးတယ်ခံစားရတယ်လေကွာ ... လာစမ်းပါ လှည့် "

သူ့အားကို ဖိုးပြည့်တစ်ယောက် ဘယ်လိုခုခံနိုင်မှာလဲလေ။ ဇတ်ခနဲ ဆွဲလှည့်လေတော့ သူ့ဘက်မျက်နှာပေးရတော့တာပါပဲ။

" ငါ့ကိုရော သတိမရဘူးလား "

" ရပါတယ် "

" အခု ဒီမှာ အပြီးနေတော့မှာလား ... "

" မနေလို့လည်းမရတော့ဘူး ... အရီးမှာ သမီးတစ်ယောက်ပါလာတယ် ... အဖေက ဘာမှမ​ပြောပေမဲ့ အရီးက ကျွန်တော့်ကို သိပ်မကြည်ချင်ဘူး ... သူ့သမီးကို ကျွန်တော်နဲ့ အနေနီးသွားမှာ စိတ်ပူနေပုံရတယ် .. နောက်ပြီး .. "

" ဘာဖြစ်လဲ "

သူတို့မြို့၏ညများက အေးစက်လှသည်။ အမြဲလိုလို ခြေထောက်အေးတတ်သော သူက စောင်ခြုံထားလည်း နွေးမလာ။ ထို့ကြောင့်အတူအိပ်နေသူ၏စောင်ထဲ ခြေထောက်ထိုးထည့်ကာ အိပ်စက်ရသည်။ တစ်ယောက်တည်းအိပ်သောညများဆိုလျှင် တစ်ညလုံး ခြေအေးကြီးဖြင့် အိပ်ပါလေတော့။

ဖိုးပြည့်၏ ​စောင်ထဲသူ့ခြေထောက်တွေ ထိုးထည့်တော့ ဖိုးပြည့်က ခြေသလုံးကို အသာဟပေးသည်။ သူ့ခြေထောက်များကို ဖိုးပြည့်က ခြေသလုံးပိန်ပိန်လေးများဖြင့် ညှပ်ပေးထားတော့ အနည်းငယ်နွေးလာလေတော့သည်။

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now