Part 4

329 69 1
                                    

Unicode

" ဘာလုပ်နေတာလဲ "

တွန့်ခနဲဖြစ်သွားသောကောင်လေးက သူ့ကိုမော့ကြည့်လာသည်။ ဆိုင်ဖွင့်တဲ့အချိန်တွေမှာ ထမင်းစားပွဲတွေဖြစ်ခဲ့ပြီး ဆိုင်ပိတ်ချိန်မှာတော့ စာကျက်ခုံများသာ။

ထိပ်ဆုံးအလင်းရောင်အရဆုံး စားပွဲကတော့ မသီအပိုင်။ မသီအနားမှာတော့ မသီအတွက်ထားသော ဂိုက်။ ဂိုက်အစ်မက ချစ်စရာလေး။ ဆံပင်တိုတို အသားဖြူဖြူ၊ စကားသိပ်မပီ။

သူနှင့်ဖိုးပြည့်ကတော့ တစ်စားပွဲပေါ့။ ဖိုးပြည့်က စာအုပ်ထဲပင် ခေါင်းဝင်တော့မတတ်။

" စာစီစာကုံးရေးနေတာ "

" ဟုတ်လား ပြပါဦး "

လက်နှင့်အသေဖိထားသော စာအုပ်ကိုဆွဲယူကာကြည့်တော့ ... လားလား၊ ခေါင်းစဉ်လေးတောင် မျဉ်းသားခါစလေး။

" ... "

" မရေးတတ်ဘူးလား "

" အင်း "

" မင်းနော် တစ်နှစ်လေးကြီးလာတာကို .. ဟုတ်ဆိုတဲ့အသံက ပျောက်နေပြီ "

" မရေးတတ်ဘူး "

တကယ်ပါပဲ။ ဟုတ်လို့တစ်ခွန်းမှမထွက်ဘူးကြည့်စမ်း။ တစ်နှစ်တောင်ကြာခဲ့ပြီ။ ဒီကလေး သူတို့ဆိုင်ရောက်နေခဲ့တာ တစ်နှစ်ရှိပြီ။ ဖိုးပြည့်အမေနှင့်အဖေက တစ်နှစ်မှာ သုံးခါလောက်တော့လာတတ်သည်။ ကျောင်းစဖွင့်မှာတစ်ခါ၊ သီတင်းကျွတ်တစ်ခါနှင့် ကျောင်းပိတ်ချိန်မှာတစ်ခါ။

ကျောင်းပိတ်ချိန်ဆို အိမ်ပြန်ဖို့လာခေါ်တတ်သည်။ သီတင်းကျွတ်ဆိုလျှင် ဘဘုန်းထံလာသည်ဆိုလား။ ကျောင်းဖွင့်မည်ဆိုလျှင်တော့ လာပို့သည်ပေါ့။

ဖိုးပြည့်က အရပ်ရှည်မလာပေမဲ့ နည်းနည်းတော့ အသားတိုးလာသလိုပင်။ နေဦး။ သူအခိုင်းအနှိုင်းမှားနေတာများလား။ အသားတိုးသည် ဆိုတာက ဝက်ကိုပြောခြင်းမလားလေ။

" လေ့လာရေးခရီးတစ်ခေါက် လို့ပြောထားတာပဲဟာ .. outline မပေးဘူးလား "

" အောက်လိုင်းဆိုတာ ဘာလဲ ... "

" outline ဆိုတာက ဘယ်အချက်တွေထည့်ရေးရမယ် ဆိုတာမျိုး ... ဉပမာကွာ ... မြို့၊ အချိန်၊ ခံစားချက်၊ စတာမျိုးကိုပြောတာ "

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now