Part 7

301 46 5
                                    

Unicode

" ကိုဝိုင်းချစ် ... ဆိုင်ရှေ့မှာ အရီးတစ်ယောက် ရောက်နေတယ် ... အရီးကိုမေးနေလို့ "

ဖိုးပြည့်သည်ကား သောက်ရေဖြည့်ပြီးပြန်လာဟန်တူ၏။ ပိုက်မှလာသောရေသည် ချောင်းရေဖြစ်၍ ရေသောက်၍မရ။ သို့အတွက် ဆိုင်တွင် အဝီစိတွင်းတူးထား၏။ ထိုတွင်းကလည်း တူးခါစက ဘာမျှမဖြစ်သော်ငြား အခုမှ ရေတင်တိုင်းတီကောင်လေးများက ပါပါလာ၍ ရေကို ဆယ်ထပ်လောက်စစ်နေရသည်။

ကွန်ပရက်ဆာနှင့်ရေကိုမှုတ်တင်လိုက်တိုင်း ရေထွက်ကျလာသော ပိုက်အဝကိုပါ ရေစစ်နှစ်ထပ်တပ်ထားရ၏။ ထိုထိုသောရေစစ်နှစ်ထပ်ကို အကျောတင်းသောတီကောင်ပေါက်များက ထိုရေစစ်ကိုပါဖြတ်ထွက်လာ၏။ မိုးရေကတော့ အားကိုးရပေမဲ့ ထိုမိုးရေသည် သုံးစွဲသည်နှင့်တောင် လိပ်ပက်မလည်၍ တွင်းရေကိုအားကိုးနေရပါသည်ဆိုမှ။

" ဘယ်သူလဲ ... "

" မမြင်ဖူးဘူးရယ် ... "

" အေးအေး ရေသွားချိုးတော့ မင်းတစ်ကိုယ်လုံးလည်း ရေစိုနေပြီ အအေးပက်မယ် သွား "

ဖိုးပြည့်၏ကျောပြင်ကို ပုတ်ပြီး အဆောတလျင်ဆိုကာ ဆိုင်ရှေ့ထွက်လာလိုက်တော့၏။

" အမေ့ကိုရှာနေတယ်ဆိုလို့ "

မခင်သန်းတို့တစ်စုကတော့ ဆန်ထဲစပါးစေ့ရွေ့ရင်း ကွမ်းယာခုံနားထိုင်နေကြသည်။ ဆိုင်ရှေ့ထိပ်စားပွဲတွင် မိန့်မိန့်ကြီးထိုင်နေသော အရီးတစ်ယောက်ကတော့ သူ့ကိုလှည့်ကြည့်လာ၏။

" မင်းအမေဘယ်သွား "

" အမေမရှိဘူးအရီး ... မြောက်ဘက်ကမ်းက အလှူသွားတယ်ရယ် ... ညနေမှ ပြန်ရောက်ဖို့ထင်ကော "

" ဟင်း အလှူကျသွားနိုင်တယ်ပ  ... ငါ့အကြွေးကျမဆပ် "

" ဗျာ "

" မင်းအမေလာရင်​ပြောလိုက် ... မြို့ဟောင်းက အရီးခင်စိန်ရယ် လာသွားတယ်လို့ .... ဟင်း "

မျက်နှာကိုမဲ့ကာရွဲ့ကာ အိတ်တစ်လုံးလွယ်လျက် ဆိုင်ရှေ့သစ်ပင်အောက် ထိုးရပ်ထားသော ဆိုင်ကယ်သမားမောင်နှင်သည့် ဆိုင်ကယ်နောက်ခုံသို့ အိနစ်နေအောင် ထိုင်ချလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now