Part 8

304 48 1
                                    

Unicode

" ငါလိုက်ပို့မယ် "

သူ့စကားကို ပြူးကြောင်ကြောင်ပြန်ကြည့်နေသော ပြည့်စုံ၏မျက်လုံးများက တကယ်ကို အကြည်ဓာတ်လေး။

ငါမရှိတဲ့အချိန်တွေတုန်းက မင်းကိုမကာကွယ်နိုင်ခဲ့ပေမဲ့ ငါရှိနေချိန်မှာတော့ ငါ့အရိပ်အောက်မှာနေလှည့်ပါ။

" ကောင်းကောင်းဖြေခဲ့ ... "

ကျောင်းဝန်းထဲဝင်သွားခဲ့သည့် ကျောပြင်သေးသေးလေးသည်ကား အခုချိန်ထိ မဝံ့ရဲသေးသော ရပ်တည်မှုတစ်ခုလို။ မနှစ်သက်သောရပ်ဝန်းထဲ ကျောင်းကိုတောင် အားတင်းတက်ခဲ့ရသူသည် သည်ရပ်ဝန်းထဲဘယ်သို့သောသတ္တိမျိုးနှင့်......

ပါလာခဲ့သော အင်္ဂလိပ်မီးနင်းစာအုပ်လေးကို ဖွင့်ဖတ်ရင်း ကျောင်းရှေ့ဖွင့်ထားသည့် ကွမ်းယာခုံဘေးရှိ ခုံတန်းရှည်ပေါ် ထိုင်ချလိုက်တော့သည်။

" အရီး "

မသိမကျွမ်းသော်ငြား တွေ့နေကျမို့ ကွမ်းယာဆိုင်အရီးက သူ့ကိုပြန်ထူးလာ၏။

" ဝေ "

" ကျောင်းရှေ့ ကွမ်းယာခုံဖွင့်တာ ပညာရေးမှူးရုံးက ဘာမှမပြောဘူးလား "

" ဘာပြောရဖို့ "

(ဒေသစကားသံအနည်းငယ် ဝဲပါမည်)

" ယော် ကျောင်းရှေ့မှာ ကွမ်းယာဆိုင်ဖွင့်တာက ကျောင်းသားတွေအတွက်မှမကောင်းတာ "

" မပြောနှော .... ဘာဖြစ်လဲ သူတို့လဲ စားကြတာပဲ ... ကွမ်းစားလို့ ဘဝမပျက်ပါဟယ် ... "

" ခက်လိုက်တာ အရီးရယ် ..... ကွမ်းက ရိုးရိုးစားရင်တော့ ဘာမှမဖြစ်ဘူးပေါ့ ... ဆေးတွေထည့်စားပြီး အလွန်အကျွံဖြစ်လာရင် ခံတွင်းကင်ဆာ လည်ချောင်းကင်ဆာ ဖြစ်တတ်တယ် ... အရီးရဲ့သားလေး အဲ့လို ကွမ်းစွဲကုန်ရင် မခက်ဘူးလား "

" ငါ အပျိုဟဲ့ "

သို့သော်လည်း နောက်နေ့မှစ၍ ထိုအရီးသည် ကွမ်းယာမရောင်းတော့ပါ။ မုန့်၊ အချိုရည်တို့ကိုသာ ရောင်းတော့သည်။

ခက်သည်။ တားရမည်ကိုမတားပဲ သည်အတိုင်း ထားသတဲ့လား။ သည်လိုနှင့် စာမေးပွဲ ခြောက်ရက်လုံး အနှောင့်အယှက်မရှိ ကျော်ဖြတ်ခဲ့တော့၏။

သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now