မိတ်ဆက်-မိတျဆကျ

1.2K 94 2
                                    

Zawgyi
သူ သူ သူ ကျွန်တော့်ရည်းစား _ @moeswaemaung_fool

ဝတ္ထုမိတ်ဆက်

အဝေးပြေးယာဉ်များ ဝင်ထွက်သွားလာနေသော ကားကြီးဝန်းတစ်ခုအတွင်း၊ ဟိုးအတွင်းဘက် ထောင့်ကျကျတစ်နေရာတွင် ထမင်းဆိုင်ကလေးတစ်ဆိုင်ရှိလေ၏။

အချိန်က နေ့လည်တစ်ချက်တီး။ ဟင်းအိုးကလေးလှန်ကြည့်တော့ ချဉ်ပေါင်တစ်ခွက်စာနှင့် ကြက်ဉချက်တစ်လုံးသာကျန်တော့သည်။ ပြုတ်ထားသည့်အသားအိုးများကို မျက်စောင်းမထိုးဝံ့။

ချဉ်ပေါင်ဟင်းအရည်ဆမ်းထားသောထမင်းကို တစ်လုပ်ကယ်ဝဝ စားနေစဉ်မှာပင် ...

" ကားဝင်လာပြီဟေ့ .... နှစ်ပြည်အိုး တည်လိုက်တော့ "

ထမင်းအိုး သုံးလေးလုံး တန်းစီတည်နိုင်သော မီးဖိုကြီးကို သူတစ်ချက်ကြည့်မိတော့ ၂ပြည်အိုး နှစ်အိုးကျန်နေသေး၏။ စားလက်စထမင်းဇလုံကိုချကာ ထမင်းအိုးပြေးတည်ရပြန်သည်။

အရပ်က ၅ပေယဲ့ယဲ့၊ ပိန်ပိန်ညောင်ညောင် ကိုယ်လုံးလေးနှင့် မနိုင်မနင်း ဆန်၂ပြည်ကန် သွပ်အိုးကြီးကို ဆန်ဆေးကာ တည်ရပြန်၏။ ရေငှဲ့ချက်ရသော ထမင်းအိုးမို့ သူ့ခါးတစ်ချက် ညွတ်ကျသွားသည်ကိုတော့ မပြောတော့ပါလေ။

ဟင်းချက်ရာ မီးဖိုခန်းဆီ ဝင်လိုက်တော့ ဆိုင်ရှင်အန်တီကြီးက ဆီချက်သတ်ကာ ပြုတ်ထားသော ဟင်းအိုးများကို ဟင်းအမယ်အဖြစ် အသက်သွင်းနေခဲ့လေပြီ။

" ထမင်းစားလို့ရတယ် ... ကော်ဖီ အအေးသောက်လို့ရတယ် ... ကျန်းမာရေး အပေါ့အပါးသွားဖို့ ဒီဘက်ကဝင်ပါ ... ဟိုအစ်ကို အန်ဖက်အိတ်ကို အမှိုက်ပုံးထဲ ထည့်ပါခင်ဗျ ... ဟုတ်ကဲ့ ထမင်းမစားလည်း ဝင်ထိုင်လို့ရပါတယ် ... ခင်ဗျာ ... ဟုတ်ကဲ့ အိမ်သာသုံးခ မပေးရပါဘူးခင်ဗျ ... "

ကျယ်ကျယ်လောင်လောင်စူးစူးရှရှ အော်နေသော အသံသည်ကား ဆိုင်ရှင်အန်တီ၏သားဖြစ်၏။ မျက်နှာတစ်ပြင်လုံး သကာလောင်းထားသလို ချိုအီအောင် ပြုံးပြကာ ကားပေါ်မှဆင်းလာသော ခရီးသည်များကို ဆိုင်ထဲမရောက်ရောက်အောင် ခေါ်ဆောင်နေရဲ့။ တခြားဆိုင်ရောက်မည်ကိုတော့ စိတ်ပူစရာမလိုပေ။

သူ သူ သူ ကျွန်တော့်ရည်းစား - သူ သူ သူ ကျွန်တော့်ရည်းစားWhere stories live. Discover now