1.6K 354 0
                                    

<Unicode>

မနက်ခင်းလေပြည်က လတ်ဆတ်ပြီး အရမ်းလည်း အေးတယ်။

ဒါကြောင့် နို့မိစ္ဆာက ဖရဲသီးနားကို တိုးခွေ့ပြီး ပူးကပ်နေပါလေရော။

ရုတ်တရက် ယားယံမှုကြောင့် ဖရဲသီး အိပ်နေရာက နိုးသွားတယ်။

အဲ့ဒီနောက် ပိန်လှီနေတဲ့ နို့မိစ္ဆာကို ကြည့်ပြီး မေးခွန်းတွေ ပေါ်လာမိတယ်။ ဒီကောင်လေး ခြင်ရော ဖြစ်လာနိုင်ပါ့မလား။

...

နို့မိစ္ဆာကလည်း ဖရဲသီးနိုးပြီး မကြာခင်မှာပဲ နိုးလာတယ်။ ပြီးတော့ ပျင်းကြောဆန့်ပြီး မျက်လုံးမဖွင့်သေးပဲ နှုတ်ခွန်းဆက်တယ် "ဂွတ်မောနင်း"

"ဂွတ် ဟုတ်လား...ဘာတွေကို ဂွတ်တာလဲ စောစောထတဲ့ ငှက်မှ ပိုးကောင်စားရတယ်ဆိုတဲ့ စကားပုံ မကြားဖူးဘူးလား"

"စောစောထတဲ့ ပိုးကောင်က ငှက်အစားခံရရော..."

"မင်းက ငှက်လေ...ငှက်ဦးနှောက်ရဲ့"

.....

"ဖရဲသီး"

"ဘာလဲ"

"ဒါက ဘာပြွန်ပိုက်ကြီးလဲ ထူးဆန်းလိုက်တာ..."

"အာ...အဲ့ ပိုက်နဲ့ အစာစားရတာ ဘာထူးဆန်းစရာရှိလဲ"

"ရုပ်ဆိုးဆိုးကြီး"

"မင်းကိုယ်မှာ လှတာဆိုလို့ ဘာရှိလဲ အဲ့အတိုင်းထားလိုက် လျှောက်ပူမနေနဲ့"

"မင်း မှာလည်း ရှိတယ် ဒါပေမဲ့ မင်းဟာက ငါ့ထက် ပိုလည်း ကြီးပြီး ပိုလည်း ထူတယ်"

"ဲအာ...မင်းဟာကိုကျ ခန္ဓာကိုယ်ချို့ယွင်းချက်လို့ ခေါ်တယ် နားလည်​ြပီလား ငှက်ဦးနှောက်"

"မင်း ဘာလို့ အမြဲတမ်းငါ့ကို ငှက်ဦးနှောက်လို့ ခေါ်တာလဲ"

"မင်းက တုံးလို့လေ"

"အဲ့လိုကိုး"

အဲ့ဒီစကားကြောင့် နို့မိစ္ဆာတစ်ကောင်ဟာ တစ်နေကုန် စိတ်ဓာတ်ကျသွားရတော့တယ်။

ညဘက်ရောက်တော့ ရေအစပ်နားကို အလင်းရောင်တန်းတစ်ခု ဖြာကျနေတယ်။

"ဖရဲသီး"

ညစာ စားပြီးသွားတော့ နို့မိစ္ဆာမှာ လုပ်စရာအလုပ် မရှိပြန်ဘူး။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now