၁၀

1.4K 336 32
                                    

<Unicode>

ငှက်ငယ်လေးတစ်ကောင်ရဲ့ တကျစ်ကျစ်အော်ကြွေးသံက နံနက်ခင်းကို ခေါ်ဆောင်လာတယ်။

နို့မိစ္ဆာက သူ့ကိုယ်သူ မနေ့ကထက် နည်းနည်းပိုကြီးလာတာမြင်ပြီး အရမ်းဝမ်းသာနေလေရဲ့။

သူ တောင်ပံခတ်ကြည့်တဲ့အခါ ခြေထောက်လေးဟာ ကြွတက်လာတယ်။

ဒါပေမဲ့ သူ နောက်ဆုံးမှာကျ မပျံနိုင်ပဲ သစ်ရွက်ပေါ် ပြန်ပြုတ်ကျသွားပါလေရော။

ဲအသံကြောင့် ဖရဲသီးပါ နိုးသွားတယ်။

"ငကြောင်ကောင် ဘာလုပ်နေတာလဲ" ဖရဲသီးက အိပ်မှုံစုံမွှားနဲ့ မေးတယ်။

"ငါက ငကြောင်ကောင် မဟုတ်ဘူး...ငါက ခြင်"

"အေးပါ အေးပါ ငှက်ဦးနှောက် မင်း ဘာလုပ်နေတာလဲ"

နို့မိစ္ဆာက စိတ်ပျက်လက်ပျက်နဲ့ သစ်ရွက်ပေါ် ထိုင်ချတယ်။

"ဘာဖြစ်လို့လဲ"

"ငါ ပျံကြည့်တာ ပျံလို့မရဘူး"

နို့မိစ္ဆာလေးဟာ ရူးမတတ်ဖြစ်တော့မယ်။

'သေစမ်း ဒီကောင်လေး မသန်စွမ်းတော့ မဖြစ်လောက်ဘူးမလား' ဖရဲသီးက တွေးတယ်။

ဒါပေမဲ့လည်း အပေါ်ယံမှာကျ နို့မိစ္ဆာကို ပြုံးပြပြီး ဆိုလိုက်တယ် "အဲ့တာလေးများ စိတ်ပူစရာလား"

ပြီးတော့ သူ စက်ဝိုင်းသဏ္ဍာန် နှစ်ခါလှည့်ပျံပြပြီး နို့မိစ္ဆာကို ဆွဲမချီလို့ ပျံတက်လာခဲ့တယ်။

ဒါက ပထမဆုံးအကြိမ်အဖြစ် သူတို့ အတူတူပျံသန်းခြင်း။

နေသူရိန်မင်းကြီးက ကောင်းကင်ယံကနေ ဒီ မြင်ကွင်းကို ငုံ့လို့ ငေးကြည့်တယ်။

ဒါက ပထဆုံးအကြိမ်အဖြစ် ဖရဲသီးက သူ့သဘောနဲ့သူ နို့မိစ္ဆာအနား ကပ်လာတာ။ ဖရဲသီးနဲ့ သူ့ရဲ့ ခန္ဓာကိုယ်နှစ်ခု ပူးကပ်နေတဲ့ ခံစားချက်က နို့မိစ္ဆာလေးအတွက် ထူးဆန်းလို့နေတယ်။

"ငါတို့ ဘယ်သွားနေတာလဲ"

"ဗိုက်ဆာနေပြီမလား"

အဲ့တော့မှ သူ အစာမစားရတာ ရက်အတော်ကြာပြီမှန်း နို့မိစ္ဆာ သတိသွားရတယ်။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now