၁၅

1.4K 339 7
                                    

<Unicode>

သူ အသက်ရှင်နေသေးတယ်ဆိုပေမဲ့ အရမ်းတော့ အားနည်းနေပြီ။

သူ့ရဲ့ ခြေတွေ အတောင်ပံတွေကလည်း ပြန်ထွက်လာမှာ မဟုတ်ဘူး။

ဇွန်လ ၂၀ ရက်နေ့၊ သူတို့ရဲ့ မွေးရပ်အိုင်ဆီ ပြန်လာခဲ့ကြတယ်။

သူတို့တွေ တကယ်က ဒီတချိန်လုံး ပတ်လည်လျှောက်ပျံနေခဲ့ပြီး အနီးမှာတင် ရှိတဲ့ မွေးရပ်အိုင်ဆီ ပြန်လာခဲ့တယ်ဆိုတာကိုတော့ ဖရဲသီးက ထုတ်မပြောလေဘူး။

သူ နို့မိစ္ဆာကို အာတိတ်ဆီ ခေါ်သွားဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အာတိတ်ဆိုတာ ဘယ်လောက် စိတ်ကူးယဥ်ဆန်တဲ့ အိပ်မက်မှန်း သူ သိတယ်။

နှစ်ကောင်သား ရေပေါ်မျောနေတဲ့ သစ်ရွက်ပေါ် သက်နားလိုက်ကြတယ်။ သစ်ရွက်ရဲ့ အကြောတွေဟာ နေရာစုံ ဖြန့်ကားနေပေမဲ့ သစ်ရွက်ကိုယ်တိုင်ကတော့ အသက်မရှိတော့တဲ့အလား ဖျော့တော့လို့ နေတယ်။

"ငါတို့ ပြန်ရောက်လာပြီ" ဖရဲသီးက ကြေညာတယ်။

"ဘယ်လို"

"ငါတို့ အိမ်ပြန်ရောက်ပြီလို့"

"ဟား ဟား" နို့မိစ္ဆာလေးဟာ ရင်းနှီးနေကျ ပတ်ဝန်းကျင်မြင်ကွင်းတွေကို ကြည့်ရင်း ေခြာက်ကပ်စွာ ရယ်တယ်။

"ငါတို့ အာတိတ်ကို မသွားတော့ဘူးလား" နို့မိစ္ဆာက မေးတယ်။

"မင်း အနားယူဖို့ လိုတယ်လေ"

"အမ်း ပင်ပန်းနေပြီ" နို့မိစ္ဆာက နေမင်းကြီးကို ငေးမော့ကြည့်တယ်။ နေမင်းကြီးက အလင်းရောင် တောက်ပပြီး နွေးထွေးပေမဲ့ အတိုင်းထက်လွန်အောင် ဝေးကွာလွန်းလှတယ်။

"နို့မိစ္ဆာ"

"အင်း"

"မင်း ဘာလို့...နေမင်းကြီးနဲ့ ပတ်သက်လို့...အရမ်း ခေါင်းကြောမာရတာလဲ" ဖရဲသီးဟာ တစ်ခါမှ နားမလည်ခဲ့လေဘူး။

နို့မိစ္ဆာက လုံးဝန်းတဲ့ ကမ္ဘာမြေကြီးကို ငေးကြည့်တယ် "ငါ အအေးကို မကြိုက်ဘူး"

"သြော်..." ဖရဲသီးလည်း ဘာပြန်ပြောရမယ် မသိဘူး။

ငါ ဒီမှာ မင်းနဲ့ အတူရှိနေတယ်လေ...မင်း ဘာကြောင့် အေးမှာလဲ

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now