1.3K 318 0
                                    

<Unicode>

မနက်ခင်း နေပြန်ထွက်လာချိန်အထိ လေထုက ညကလို စိုထိုင်းနေတုန်းပဲ။

နို့မိစ္ဆာက ပလူထက် ပိုကြီးတဲ့ အကောင်တွေ ရေပေါ်မှာ ပျံနေကြတာ တွေ့လိုက်ရတယ်။

အဲ့အကောင်တွေက ရံဖန်ရံခါမှာ သူတို့ ခန္ဓာကိုယ်ရဲ့ အောက်ဘက် အနိမ့်ဆုံးအစိတ်အပိုင်းကို ရေထဲထည့်ထည့်ပြီး စွတ်နေတယ်။

နို့မိစ္ဆာဟာ ဖရဲသီးကို လှုပ်နှိုးတော့တာပဲ "ဖရဲသီး ဖရဲသီး ထပါဦး ထကြည့်ကြည့်စမ်း"

ဖရဲသီးက အိပ်မှုံစုံမွှားနဲ့ သူ့ မျက်လုံးသူပွတ်တယ်။ မိုးရေနဲ့အတူ သူ စိတ်ပူနေရတာတွေပါ ရောက်ချလာခဲ့ပြီ။

"ကြည့်ကြည့်စမ်း အဲ့ဒါ သူတို့ ဘာလုပ်နေကြတာလဲ"

"ကလေးမွေးနေတာ"

"သူတို့လည်း ဒီမှာလာမွေးတာပဲလား"

"အင်း"

"အာ့ဆိုလည်း သူတို့နဲ့ သွားဆော့ရအောင်"

"သူတို့က အခုထက် အရွယ်ပိုကြီးလာရင် ငါတို့ကို စားတော့မှာ"

"ဘယ်လို? ဘာလို့..."

"မင်းလို ငတုံးကို ဘာကြောင့် မွေးထုတ်ခဲ့လဲလို့ မင်း အမေကို သွားမေးကြည့်ပါလား"

"...."

"လွန်ခဲ့တဲ့ရက်က ပုစဥ်းတွေ ဒီနားမှာ ဥ လာဥသွားတယ် ဒီအချိန်ဆို ရွက်လိပ်ပိုးဖြစ်နေရောပေါ့"

"ရွက်လိပ်ပိုး?"

"ပိုးလောက်လန်းကို စားတဲ့ အကောင်တွေ"

ဖရဲသီးတစ်ကောင် ရင့်ကျက်လာချိန်မှာ နို့မိစ္ဆာကတော့ ပိုပြီး ထုံအလာပုံပဲ။

"အာ့ဆို...ငါတို့ ပျံပြေးရမလား"

"ပျံပြေးမယ်? ငါတို့က ပိုးလောက်လန်းတွေနော် ခြင်မဟုတ်ဘူး"

နို့မိစ္ဆာက စိတ်ပူနေပြီ "ဒါဆို ဘာလုပ်ရပါ့"

"သေရမှာ အဲ့လောက်တောင် ကြောက်လား"

"အမ်း အရမ်းကြောက်တယ် ငါတို့ အာတိတ်ကို မသွားရသေးဘူးလေ"

နုံလိုက်တာ၊ ဖရဲသီးက တွေးတယ်။

"အေးပါ အေးပါ ပြဿနာမရှာနဲ့ မင်းကို ခေါ်ထုတ်သွားပေးမယ်"

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now