၁၃

1.3K 318 11
                                    

<Unicode>

ကောင်းကင်ယံပေါ်မှာ ထွန်းလင်းနေတဲ့ ဗီးနပ်စ်ကြယ်စင်ကို ငေးကြည့်ပြီး နို့မိစ္ဆာလေးဟာ အသံခပ်တိုးတိုးနဲ့ ပြောလာတယ် "ဖရဲသီး...." သူ့ရဲ့ ပျော့ပြောင်းတဲ့ ခြေထောက်သေးသေးလေးကတော့ တဖက်ခြင်လေးကို ဖက်တွယ်ထားတယ် "ငါတို့ နှစ်ကောင်လုံးက ခြင်ထီးတွေ ဟုတ်တယ်...အဲ့ဒါ ဘာမှမမှားဘူးလေ"

လောကကြီးဟာ ဆိတ်ငြိမ်သက်ကာ ညှိုးငယ်လို့၊ သူတို့ ပြောစကားတွေကို နားထောင်နေသလိုမျိူး။

ဖရဲသီးက ခွန်းတုံ့မပြန်ဘူး။

"ငါတို့တွေ ကြိုက်နေကြတယ် အဲ့ဒါကလည်း ဘာမှမမှားဘူး" သူ့ စိတ်ထဲရှိသမျှကို ဖော်ပြချင်သလိုမျိုး နို့မိစ္ဆာက ဂရုတစိုက်နဲ့ ဆက်တယ် "ငါတို့ အထီးတွေ ဖြစ်တာနဲ့ ကြိုက်နေတာနဲ့ ကိစ္စနှစ်ခုက ဆိုင်လို့လား မဆိုင်ဘူးလေ အာ့ကြောင့်...ငါတို့မှားတာ မရှိဘူး..." နို့မိစ္ဆာငတုံးလေး မပြောဖြစ်ခဲ့တာက သူတို့နှစ်ကောင်ရဲ့ ဒီပတ်သက်မှုဟာ သူ့ ဘဝထဲမှာ တန်ဖိုးအရှိဆုံးသော ကောင်းချီးပဲ။

"နေတောင်ထွက်လာပြီ...ခရီးဆက်ကြမယ်" ဖရဲသီးက ပြောတယ်။

နို့မိစ္ဆာက ခေါင်းရော အတောင်ပံရော အောက်စိုက်ကျနေတယ်။

"ဘာဖြစ်တာလဲ" နို့မိစ္ဆာ တစ်ကိုယ်လုံး အလင်းရောင်ခြုံထားသလို စိုစွတ်နေတာကို မြင်ပြီး ဖရဲသီးက မေးလာတယ်။

"မင်း ငိုနေတာလား" ခြင်တွေက မျက်ရည်မကျနိုင်မှန်း သိရက်နဲ့ သူ ဒီမေးခွန်းမျိုး ဘာကြောင့်မေးလိုက်မိတယ်ဆိုတာ ဖရဲသီးလည်း မသိဘူး။

ဒါပေမဲ့ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ခေါင်းကြောမာမိတယ် "မင်း ငိုနေတာလား"

နို့မိစ္ဆာက သူ့ကို လျစ်လျူရှုပြီး လေထဲ ပျံသွားတယ်။

ဖရဲသီးက နောက်က အပြေးလိုက်တယ်။

"ငါ တောင်းပန်ပါတယ်..." သူက ဆိုတယ် "ငါလည်း ဘာမှ မပြောင်းလဲပေးနိုင်ဘူး..."

"အာတိတ်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ" နို့မိစ္ဆာက ဖရဲသီးရဲ့ တောင်းပန်စကားကို မတုံ့ပြန်ပဲ မေးတယ်။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now