၁၇ [END]

2.9K 442 47
                                    

<Unicode>

နေ့လည်ခင်းရဲ့ နေက ကျိန်းစက်နေတယ်။ ဖရဲသီးက စကားမပြောတော့တဲ့ နို့မိစ္ဆာကို ဖက်တွယ်လို့ သစ်ပင်တစ်ပင်ပေါ် လေးတွဲ့စွာ လှဲနေတယ်။

"မင်း ဘယ်တော့မှ နိုးမှာလဲ ငှက်ဦးနှောက်" ဖရဲသီးက မေးတယ် "ငါ ပျင်းလွန်းလို့ သေတော့မယ်"

"ခြင်လေး ဘာရှိလို့လဲ" ထင်းရှုးပင်ကြီးက အမေးပြုတယ်။

"ဘာရှိလို့လဲ ဟုတ်လား ကျွန်တော် ခြင်ထီးလေးတစ်ကောင်ကို ချစ်မိသွားတယ်"

ထင်းရှုးပင်ကြီးက မျက်ရည်ထွက်လောက်အောင် ဟားတိုက်ရယ်တယ်။

ထင်းရှုးရနံ့က ခြင်လေးနှစ်ကောင်ကို လွှမ်းခြုံထားတယ်။

အဲ့ဒီနောက် ခြင်လေးတွေဟာ မြေပြင်ပေါ် ပြုတ်ကျသွားတော့တယ်။

ဒါက ဒီဇာတ်လမ်းလေးရဲ့ အဆုံးသတ်။

ပယင်းရောင်ခြယ် ခြင်လေးနှစ်ကောင်ဟာ ပင်ပန်းလာခဲ့ပြီးနောက် ပျံသန်းမဲ့အစား ထာဝရအိပ်စက်သွားခဲ့ကြလေတယ်။

နို့မိစ္ဆာလေးဟာ သူ့ ဘဝတလျှောက်လုံး အေးခဲ့ရလို့ နေမဝင်တဲ့ အာတိတ်ရှိရာဆီ ပျံသန်းချင်ခဲ့တယ်။

ဒါပေမဲ့ သူ သွားချင်ခဲ့တဲ့နေရာက နေရောင် မနွေးနိုင်ပဲ အပူကတောင် အအေးကို လက်မြောက်အရှုံးပေးရတဲ့ နေရာဖြစ်နေခဲ့တယ်။

ဧကန္တ သူ လိုအပ်နေခဲ့တာက နေမင်းကြီး မဟုတ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။

သူရိန်နေမင်းကြီးရဲ့ နေရာအနှံ့ ဖြန့်ကျက်ပေးတဲ့ လျော့တိလျော့ရဲရောင်ခြည်ကို တောင့်တရင်း နံဘေးမှာတင် ရှိနေပေးခဲ့သူ၊ သူ့ကို နွေးထွေးမှုကို ချစ်တတ်အောင် လုပ်ပေးခဲ့သူကိုတော့ သူ မေ့နေခဲ့လေရဲ့။

စိတ်ကူးယဥ်အိပ်မက်တွေက အချစ်တွေ လိုအင်တွေကို အုပ်ဖုံးသွားတဲ့အခါ ကျန်ရစ်နေခဲ့မှာက ဘဝရယ်လို့ အယောင်မှတ်ထင်မှားရတဲ့ အဆုံးမရှိသော လမ်းတစ်ခုရယ်။

ဖရဲသီးက သူတို့ အာတိတ်ကို သွားလို့မရမှန်း သိခဲ့တယ်။

သူတို့ကို တကယ်ခြားထားတာက အကွာအဝေးမဟုတ်ခဲ့လေဘူး။

🎉 You've finished reading ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗 🎉
ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now