၁၂

1.3K 311 11
                                    

<Unicode>

"ဂွတ်မောနင်း" နို့မိစ္ဆာက အရမ်းတွေ စိတ်လှုပ်ရှားနေတယ် "ဒီနေ့က ၁၇ ရက်နေ့နော်"

"အင်း"

"နောက် ငါးရက် နေမဝင်တဲ့အချိန်ထိကို နောက်ထပ်ငါးရက်ပဲ လိုတော့တယ်"

"အာတိတ်က အရမ်းကျယ်တာ...နှစ်တစ်ဝက်လောက်တောင် နေမဝင်တဲ့ မြောက်ဝင်ရိုးစွန်းလည်း ရှိတယ်"

"ဘယ်လို အာ့ဆို ဘာလို့ ငါ့ကိုကျ ၂၂ရက်နေ့လို့ ပြောတာလဲ"

"အရမ်းဝေးလို့ပေါ့ ငတုံးရဲ့" ဖရဲသီးက ရှင်းပြတယ် "ငါ ဘာလို့ ၂၂ရက်နေ့လို့ ပြောရလဲဆိုရင် အာတိတ်က နေမဝင်တဲ့ နေရာတွေထဲမှာမှ ငါတို့နဲ့ အနီးဆုံးနေရာမို့"

"ယေး! ယေး!" နို့မိစ္ဆာက လက်ခုပ်တီးတယ် "အာ့ဆိုလည်း သွားကြရအောင် လာလေ"

ဖရဲသီးက သက်ပြင်းချတယ်။ သူ ဘာလို့ ဒီဒမ်ဒမ်ကောင်ကို အာတိတ်အကြောင်း သွားပြောမိရတာပါလိမ့်။

"ငါ့ကို အဲ့နေရာဆီ ခေါ်သွားပေးနော် နော်လို့"

"ဟမ့်အမ်း"

"ခေါ်သွားပေးပါဆို..." နို့မိစ္ဆာက စပြီးလူးလူးလွန့်လွန့်နဲ့ ကဂျီကဂျောင်တိုက်နေပြီ။

"အာတိတ်က အရမ်းအေးတာကွ" ဖရဲသီးက ဒေါသတကြီးနဲ့ ထအော်တယ် "အရူးကောင်"

"-ဒါပေ-"

"ဒါပေမမဲ့ဘူး ဖြုတ်ဦးနှောက် သွားအိပ်တော့"

"အခုထိ လင်းထိန်​သေးတာကို"

"သွားအိပ်တော့!"

"..."

"ဒီ ငှက်-"

"ငှက်ဦးနှောက်မလား သိတယ် ပြီးတာပဲ ဟွန့်"

နို့မိစ္ဆာလေးဟာ စိတ်ဆိုးနေတယ်။ အတိအကျပြောရရင် အသည်းကွဲနေတယ်။

သူ အလိမ်ခံလိုက်ရသလို ခံစားရတယ်။

အဲ့လိုနဲ့ တမနက်လုံး သူတို့နှစ်ကောင်သား စကားမပြောကြတော့ဘူး။

သူတို့ မသိခဲ့တာက စိတ်ကောက်တယ်ဆိုတာ အကျိုးမရှိ၊ အချိန်ဖြုန်းတီးတဲ့ လုပ်ရပ်တစ်ခုဆိုတာကိုပေါ့လေ။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now