1.3K 321 8
                                    

<Unicode>

ဇွန်လ ၁၄ရက်။ ကောင်းကင်ယံတခွင်ဟာ ကြည်ပြာလို့။ နေရောင်ဖြာပြီး လေပြည်ညှင်းတို့ သာတဲ့နေ့။

နို့မိစ္ဆာနဲ့ ဖရဲသီးတို့ကတော့ သူတို့ရဲ့ ရုပ်ဆိုးဆိုးအိမ်လေးတွေထဲမှာ ပိတ်မိနေတုန်း။

လေညှင်းလေးက သူတို့အတွက် လှပတဲ့ တွေ့ဆုံမှုတစ်ခု ဖန်တီးပေးတယ် -- သူတို့တွေ အခွံချင်း တိုက်မိသွားကြတယ်။

"အာ့"

"အဆင်ပြေရဲ့လားဗျ"

ကိုယ့်အတွေးတွေထဲ တချိန်လုံး ကြီးစိုးနေခဲ့တဲ့ သတ္တဝါသေးသေးလေးဟာ ကိုယ့်နံဘေးမှာတင်ဆိုတာကိုတော့ နှစ်ကောင်လုံး ကိုယ်စီမသိခဲ့ကြဘူး။

နို့မိစ္ဆာဟာ အခွံပျော့ထဲက ထွက်လာတဲ့အခါ လှပနေမယ့် သူ့ ပုံစံကို စိတ်ကူးပုံဖော်ကြည့်နေမိတယ် - လူသားတွေအတွက်တော့ ခြင်တွေက မလှဘူးဆိုပေမယ့်ပေါ့လေ။

အဲ့ဒီအချိန်မှာတော့...ဖရဲသီးလား? ဖရဲသီးကတော့ အိပ်တောင်ပျော်နေပြီ။

ညရောက်တဲ့အခါ နို့မိစ္ဆာဟာ ပုရစ်သံတွေကြောင့် အိပ်မရဖြစ်နေတယ်။ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ နောက်ဆုံးမှာ -- အခွံအပြင်ထွက်သွားတယ်။

သူ့ရဲ့ စိုထိုင်းထိုင်း ခန္ဓာကိုယ်ကို အေးစက်တဲ့ လေထုက ဖြတ်တိုက်သွားတဲ့အခါ မတုန်ယင်ပဲ မနေနိုင်ဘူး။

ငါ ထွက်လာပြီလား။ နို့မိစ္ဆာလေးဟာ အပျော်ကို ထိန်းမထားနိုင်ဘူး။ သူ့ရဲ့ ပုံပန်းသွင်ပြင်အသစ်စက်စက်လေးကို ကြည့်ပြီး မျက်နှာဖြီးနေမိတယ်။ ပိန်ပိန်ပါပါး၊ ခြေတံရှည်ရှည်နဲ့ တောင်ပံစသေးသေးလေးတွေ - ကြည့်ရသလောက်တော့ သူ ပျံလို့မရသေးဘူး။

နို့မိစ္ဆာက တွားသွားရင်း သူ့ကိုယ်သူ မယိမ်းယိုင်အောင် ထိန်းတယ်။ ရေထဲ မျောနေတဲ့ အရွက်တွေပေါ် တက်ပြီးတဲ့အခါ ဖရဲသီးရဲ့ ပိုးရုပ်ဖုံးလေးပါ တွေ့သွားတယ်။

ဖရဲသီးရဲ့ ထူးဆန်းတဲ့ အခွံလေးကို သူ့ ခြေထောက်ပိန်လေးနဲ့ ထိုးရင်း နို့မိစ္ဆာက ခေါ်တယ် "ဖရဲ...သီး..."

အဲ့ဒီနောက်မှာ အခွံပျော့လေးဟာ လူးလွန့်လာတယ်။ ပြီးတော့ ချပ် ခနဲ အသံလေးနဲ့အတူ ပွင့်ထွက်သွားပါလေရော။

ခြင်ထီးလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်〖 Completed 〗Where stories live. Discover now