AllU(8)

494 45 13
                                    

[UNICODE]

တခေတ် ကျူရှင်တွေပြန်ဖွင့်တာ မနေ့ကပေမယ့် သူ့Time Tableအရ ဒီနေ့မှ သူ့အချိန်ပါတာကြောင့် ဇော်ရဲကို ဖုန်းဆက်လိုက်သည်။ ဇော်ရဲနဲ့သူနဲ့က အမြဲတမ်း အတန်းချိန် ရှေ့ဆင့်နောက်ဆင့်။

"အေး...တခေတ်ပြော"

"ဟျောင့်.....ဒီနေ့ ငါတို့အတန်းချိန်ထက် စောသွားရင် ကောင်းမလား? ဆရာကြီးနဲ့လဲ စကားခဏပြောမလို့"

"ဟ.....တခေတ်.....ဆရာကြီးက မင်းနေရာတောင် အစားထိုးဖို့ ဆရာတစ်ယောက်ထပ်ရှာနေပြီ"

"ဘာ!!?? ငါ့ကို ကျူရှင်ကထုတ်လိုက်တာလား??"

"ဆရာကြီးက ထုတ်မလားဟ! မင်းယောကျာ်း ညိုယံကိုယ်တိုင် ဆရာကြီးကို ပြောသွားတာလေ.....တခေတ် စာဆက်သင်ဖြစ်မှာ မဟုတ်တော့ဘူးတဲ့"

"ဘာကွ!!!ဒီခွေးလိုအကောင်က အဲ့လိုပဲပြောလား??"

"အေးလေ.....မင်း မသိသေးတာလား?"

"သိစရာလည်း မလိုဘူး သိလည်းမသိချင်ဘူး.....အခုချက်ချင်း ငါဆရာကြီးဆီသွားမယ် မင်းလည်းလာခဲ့"

ဒေါသထွက်လိုက်တာ..... ဘယ်လိုတောင် စာမဆက်သင်ဖို့ သူကပြောရဲသေးတာလဲ။ ဘာမို့လို့လဲ။ စိတ်တိုလိုက်တာ ဘေးနားရှိနေရင် ထထိုးမိနေပြီ။
.
.
.
.
.
"ငါ့ဘဝကို ဘာလုပ်ပါဆိုပြီး ချုပ်ကိုင်ဖို့မစဥ်းစားနဲ့"

တခေတ် ထိုအရိုင်းကောင် အလုပ်ကပြန်လာချိန်ကို ဧည့်ခန်းထဲက စောင့်ကာ ဝင်လာတာနဲ့ တန်းပြောလိုက်ခြင်းဖြစ်၏။

ညိုယံ ခေတ္တမျှ ကြောင်သွားကာ.....

"ဘာကိုလဲ တခေတ်??"

"စာမသင်ဖို့ ငါ့ကိုကျော်ပြီး ဆရာကြီးကိုပြောတာ မင်းလွန်လွန်းနေပြီကွ!!"

"အာ...ကိုယ်....အင်း sorry ....တခေတ်ကိုမပြောမိဘူး.....ဒီနေရာနဲ့ တခေတ်ကျူရှင်နဲ့က တစ်နာရီကျော်ကျော်လောက် ကားစီးရမှာဆိုတော့ တခေတ်ပင်ပန်းမှာစိုးလို့"

"မင်းသင်နေရတာမို့လို့လား??!!"

"အဲ့လိုတော့ မဟုတ်ပေမယ့်....ကိုယ်က အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့....."

"ဘာဖြစ်တယ်!!!? အိမ် ထောင် ဦး စီး ???"

တခေတ် တကယ်ကြီးအံ့သြသွားရသည်။ သူ့ကိုယ်သူ အိမ်ထောင်ဦးစီးဆိုတော့ တခေတ်ကဘာလဲ?? မွေးလာကတည်းက မိန်းမတစ်ယောက်မှီခိုဖို့ ယောကျာ်းသားတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့ပေမယ့် သူ့ကြောင့် တခေတ်ဘဝဒီလိုဗြောင်းဆန်နေတာတောင် သူကဘာဖြစ်ချင်နေတာလဲ?? တအား တရားလွန်နေပြီမဟုတ်ဘူးလား??

AllUWhere stories live. Discover now