[UNICODE]
ညိုယံ Companyက ပြန်ရောက်တော့ အိမ်ထဲကိုဝင်ဝင်ချင်း တွေ့လိုက်ရသည့်မြင်ကွင်းက အမောဆို့စရာပင်။ မှောင်မည်းတိတ်ဆိတ်နေသည့်မြင်ကွင်းက ဆီးကြိုလင့်နေ၏။
နေ့လည်၂နာရီလောက်ကပင် Robinနဲ့တွေ့ဆုံပြီးပြီးချင်း တခေတ်ကိုအိမ်မှာဝင်ထားခဲ့ကာ ရနောင်မရှိတာကြောင့် အရေးကြီးကိစ္စရှိသည်ဆိုတာနှင့် Companyကိုပြေးခဲ့ရသည်။
သွားစရာ လာစရာရှိရင် ဖုန်းဆက်အသိပေးပါဆိုတာကို ဒီဆရာလေးဘယ်တော့မှနားမထောင်။ အခုလည်း ည၇နာရီတောင်ကျော်နေတာကို ဘယ်သွားနေလဲမသိ။
ညိုယံ မီးတွေဖွင့်လိုက်ပြီး ဆိုဖာပေါ်ပစ်ထိုင်လိုက်ကာ အလိုမကျစွာ မျက်ခုံးနှစ်ဖက်စုကျုံ့လျက် Style pantဘောင်းဘီအိတ်ကပ်မှ လက်ကိုင်ဖုန်းထုတ်လိုက်၏။ ထို့နောက် ဖုန်းiconကိုဖွင့်၍ ပေါ်လာသောနံပါတ်တွေပေါ်၌ "1" ကို နှစ်စက္ကန့်ကြာဖိနှိပ်ထားလိုက်ကာ တစ်ဖက်ကိုခေါ်ဆိုလိုက်၏။
မကိုင်…သုံးခါမြောက်ခေါ်ဆိုပါမှ တစ်ဖက်ကပြောလာသည်က…
“ဟယ်လို…ဘယ်သူလဲမသိဘူး”
တစ်ဖက်ကအသံကိုတော့ ညိုယံမှတ်မိနေသည်…တခေတ်တော့မဟုတ် ဆရာလေးဇော်ရဲရဲ့အသံပင်။ တခေတ်ဖုန်းကို အစားကိုင်ပေးတာနေမည်။ အစားကိုင်ပေးသူက ဆရာလေးဇော်ရဲမို့လို့သာ ညိုယံစိတ်အေးရ၏။ တခြားသူသာဆို နေရာမေးပြီး ချက်ချင်းသွားသတ်လိုက်ပြီ။ သို့သော်…'ဘယ်သူလဲမသိဘူး'ဆိုတာတော့ မဖြစ်သင့်ဘူးမလား?
ညိုယံ့ Contact Nameကပေါ်နေရမှာလေ…မဟုတ်မှလွဲ ဒီဆရာလေး ညိုယံ့ကို Contact Listထဲတောင် မထည့်တာလား? တွေ့မယ်…။
“ဆရာလေးဇော်ရဲလား? ကျွန်တော်ညိုယံပါဗျ”
တစ်ဖတ်ကဆရာလေးဇော်ရဲလည်း ဟင်ခနဲနေကာ အသံအနည်းငယ်တိတ်ဆိတ်သွားပြီး အားနာဟန်ဖြင့်…
“ဪ…ညိုယံပဲ…sorryကွာ ငါContact Nameကို သေချာမကြည့်မိတာ sorry sorry”
“ဟုတ်ကဲ့”
“တခေတ်ကိုစိတ်မပူနဲ့ညိုယံ…ဆရာတို့အိမ်မှာပဲရှိတယ်”
“ဟုတ်ကဲ့…ကျွန်တော် တခေတ်နဲ့ခဏလောက်ပြောစရာလေးရှိလို့ဗျ”
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်