AllU(10)

395 32 0
                                    

[UNICODE ]

ညိုယံ ဆေးခန်းရှိ သူ့ရုံးခန်းထဲ၌ စာချုပ်စာရင်း‌တွေစစ်ရင်း ဖုန်းထဲဝင်လာတဲ့Notiကြောင့် ကြည့်လိုက်မိလေတော့ ဆရာလေးဇော်ရဲထံမှ.....

(ညိုယံ.....ငါ တခေတ်လိုက်ပို့ခိုင်းလို့ သူ့အမေအိမ်သွားပို့ထားတယ်.....ပြန်ရင်ငါနောက်ကျမှာမို့လို့ သူ့ကိုပြန်ခေါ်ဖို့ အလျင်မမှီလောက်ဘူး.....လှမ်းပြောတာ)

ဆိုသော Messageလေးတစ်ကြောင်းပင်။

ညိုယံလည်း သူသွားကြိုလိုက်မည်ဖြစ်ကြောင်း တခေတ်ကိုလိုက်ပို့ပေးလို့ ကျေးဇူးတင်ပါကြောင်း အားနာစွာဖြင့်ပင် replyပြန်လိုက်၏။

~~ဒေါက် ~~ဒေါက်~~

"ဝင်ခဲ့"

ညိုယံ သူ့ရုံးခန်းတံခါးခေါက်သံကြောင့် အပြင်ကလူကို ဝင်လာလို့ရကြောင်း အသံပြုလိုက်၏။

"Steve မင်းအလုပ်ရှုပ်နေလား?"

ဝင်ဝင်လာချင်း အလောသုံးဆယ်ပြောလိုက်သော ညိုယံ့သူငယ်ချင်း တစ်ဖြစ်လဲ လက်ရှိကုမ္ပဏီရဲ့ ပူးတွဲအုပ်ချုပ်သူ Jamesရနောင်။

ကုမ္ပဏီဆိုပေမယ့် ကြီးကြီးမားမားမဟုတ်ပေ။ Aussie, America, French, England အစရှိသော နိုင်ငံတွေကနေ ခွေးလေးတွေ ကြောင်လေးတွေအတွက် အစားအစာနဲ့ ဆေးဝါးတွေကို Authorizedယူကာ မြန်မာနိုင်ငံအတွင်း ဖြန့်ချီနေတဲ့ အသေးစားကုမ္ပဏီတစ်ခုပင်။

ထိုကုမ္ပဏီရဲ့ ထူးခြားချက်က ပစ္စည်းရောင်းရုံတင်မက တိရစ္ဆာန်လေးတွေအတွက် ဆေးခန်းအကြီးစား နှင့် Pet Spaပါ တွဲဖွင့်ထားခြင်းကြောင့် အတော်လေးလူသိများသည်။ အိမ်ခွေးတိလေးတွေကို သည်းသည်းလှုပ်ချစ်တတ်သူတွေအများစုကတော့ " Hearty Pet"ကိုအိမ်ဦးနှင့် ကြမ်းပြင်လိုလာကြ၏။ ‌

အကြောင်းမှာကားးးးးးတိလေးတွေကို အကြောင်းပြုပြီး ဆရာဝန်ချောချောသုံးယောက်ကို လာငမ်းကြတာဖြစ်သည်။ ‌မိန်းကလေးဆိုလည်း မိန်းကလေးတွေအလျောက် ညိုယံ နဲ့ Jamesရနောင်ကို တစ်လှည့်စီ ငမ်းလို့ငမ်း ယောကျာ်းလေးတွေဆိုလည်း "Hearty Pet"ရဲ့ တစ်ယောက်တည်းသော မိန်းကလေးတိကုဆရာဝန် Haley Maiကို လာလာဘူးကြသည်။ Haley Maiလို ထိုင်း ဗမာ ကပြားမလေးရဲ့ ဗမာသံဝဲဝဲလေးက ယောကျာ်းထုတင်မက တချို့သော မိန်းကလေးတွေကိုပါ ပြုစားနိုင်လွန်းသည်။

AllUWhere stories live. Discover now