[UNICODE]
"အား! *ကျစ်* *ကျစ်*"
ထိုးကိုက်နေသော ခေါင်းအနေအထားကြောင့် တခေတ်ခမျာ တကျစ်ကျစ်ဖြင့် ခေါင်းလေးကိုလက်ကလေးဖြင့်ဖိကာ အိပ်ယာထလာရ၏။
"တခေတ်..."
ညိုယံ ရေချိုးခန်းထဲက ထွက်လာလာချင်း တဘတ်တစ်ထည်ဖြင့်သာ အောက်ပိုင်းလုံရုံဖုံးထားသော အနေအထားမှ တခေတ်အိပ်ယာက,ထလာတာလည်းမြင်ရော ကရောသောပါးကုတင်ပေါ်ပြေးတက်လာကာ…
"ဖြေးဖြေးထ,တခေတ်...ခေါင်းတွေတအားကိုက်နေလား?"
ညိုယံ တခေတ်ကို ကိုယ်တစ်ပိုင်းအသာပွေ့ထိန်းထားပေးရာကနေ သူပြောတာ ဘာအမှားပါသွားလို့လဲဟု မနည်းစဉ်းစားယူလိုက်ရ၏...ဆရာလေးက သူ့အားမျက်ထောင့်နီဖြင့် ကြည့်နေသည်လေ။
"တ ခေတ်...နေမကောင်းလို့လား?"
မရဲတရဲနဲ့ထပ်မံမေးရှာလေသော ညိုယံ။
ပွေးထိန်းခံရခြင်းမှ လွတ်မြောင်အောင် ကိုယ်ကိုအသာလှုပ်ရုန်းလိုက်သောတခေတ်က...
"*အဟမ်း*! မနေ့...မနေ့ညက... ဘာဖြစ်ခဲ့လဲ?"
"တခေတ်မူးနေတာလေ"
"အေးလေ...အဲ့လိုမူးတော့ ဘာဖြစ်ခဲ့လဲလို့?"
"ဘာမှမဖြစ်ပါဘူး"
"ဟုတ်လို့လား?"
"ဟုတ်...ဟုတ်တာပေါ့တခေတ်ရဲ့"
တခေတ်ရဲ့ စုံထောက်စံရှားအကြည့်တွေအောက်မှာ အမောင်ညိုယံတစ်ယောက် ထိပ်ထိပ်ပြာပြာ။ ဘာမှလည်းမဖြစ်ခဲ့ပါဘဲ ဘယ်လိုဖြစ်လို့ လန့်တန့်တန့်ဖြစ်နေရလဲ ညိုယံကိုယ်တိုင်နားမလည်နိုင်ပေ။
"ငါ... မင်းကို....ညက...ညက...တစ်ခုခုများ???..."
ဆက်မပြောဘဲ တခေတ်ရဲ့အကြည့်တွေက ကိုယ်တစ်ပိုင်းဗလာနဲ့ညိုယံ့အပေါ် စုံခြည်ဆန်ခြည်။
တစ်ခုခုကို ကြောက်ရွံ့နေသလို ဖြစ်နေရှာတဲ့ဆရာလေးကြောင့် ညိုယံ,စချင်လာတာနဲ့…
“အဟမ်း*! ဟုတ်ပါတယ်ဗျာ…ညက တခေတ်…ကိုယ့်ကိုတစ်ခုခုပြလိုက်တယ်”
“*အဟွတ်*! ဘာ…ဘာ…ဘာကြီး…ဘာကြီးပြလိုက်တယ်?”
“ဘာကြီးမှမဟုတ်ဘူး…တခေတ်ရဲ့ဘုတံညှောင့်တောက်လေး”
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်