[Unicode]
အရိုင်းကောင်ရဲ့အိမ်မှာနေတဲ့ တခေတ်ရဲ့ ဒုတိယမြောက်နေ့......
မနက်က တခေတ်နိုးလာတော့ ကုတင်ဘေးမှာ အရုိင်းကောင်က သန့်သန့်ပြန့်ပြန့်နဲ့ ဝတ်စားဆင်ယင်ပြီး သူ့ကိုရပ်ကြည့်နေလို့ လန့်မိသေးသည်။
နောက်တော့မှ ထိုကောင်ဖြေရှင်းလာသည်က....
"တခေတ်မနိုးသေးလို့ ကိုယ်စောင့်နေတာ.....ခေါင်းနောက်နေသေးလား??"
တခေတ်ဘာမှပြန်မပြောမိ။ ကုန်ကုန်ပြောရလျှင် ဘေးနားမှာ လူရှိနေတယ်လို့တောင် မထင်စေရဘဲ လိုက်ကာတွေချထားတဲ့ ပြတင်းပေါက်ရှိတဲ့ဘက်ဆီသာ ငေးနေလိုက်၏။
ဒါကို သိသော ညိုယံသည် အလိုက်တသိ ကုတင်ခြေရင်းမှ ပတ်ကာ...... တခေတ် ပြတင်းပေါက်အပြင်ဘက်အား ရှင်းရှင်းလင်းလင်း မြင်နိုင်စေဖို့ လိုက်ကာတွေ ဆွဲတင်ပေးလိုက်သည်။
ထိုသို့ဆွဲတင်ပေးပြီးနောက် ညိုယံ တခေတ်ဘက်လှည့်ကာ.....
"ကိုယ် အလုပ်သွားတော့မယ်တခေတ်"
မသိပါဘူး.....ငါက သန့်သန့်ပြန့်ပြန့်နဲ့မို့ စော်သွားကြောင်မယ်ထင်နေတာ။
တခေတ် စိတ်ထဲမှာသာ ဘုတော,တောလိုက်၏။ အဲ့အရိုင်းကောင်ကို စကားပြောဖို့မပြောနှင့် သူရှိတဲ့ဘက်ကိုတောင် လှည့်ပြီး အီးမပေါက်ချင်ပါ။
"Breakfastနဲ့Lunchကို ပြင်ပေးခဲ့တယ်.....Dinnerအမှီ ညနေကိုယ်ပြန်လာမှာမို့ အဲ့အချိန်မှ ပူပူနွေးနွေးစားလို့ရအောက် ချက်ပေးတော့မယ်နော်"
ဘယ်သူက မင်းချက်ပေးတာ စားမယ်ပြောလို့လဲ?? သွန်ပစ်ဦးမှာ.....ဟင့်အင်း.....ထိတောင်ထိမှာမဟုတ်ဘူး ငါ့လက်သနလို့။
"ရေချိုးပြီးရင် အဝတ်အစားလဲဖို့ ဘီဒိုထဲမှာ ရှိတယ်..... ညာဘက်အကန့်က တခေတ်အဝတ်အစားတွေချည်းပဲ"
မင်းပေးတဲ့ အဝတ်အစားဝတ်ရအောင် ငါကမွဲတေနေတာ မဟုတ်ဘူး.....ရေချိုးပြီးလို့ ဝတ်စရာမရှိရင်တောင် ငါ့အဝတ်တစ်ထည်ပဲ ပြန်ဝတ်ထားဦးမှာ.....နံစော်နေရင် ပိုတောင်ကောင်းသေး.....အဲ့တာမှ မင်းလိုကောင်ငါ့နားမကပ်နိုင်မှာ။
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်