[UNICODE]
~~တင်းတောင်~~
လူခေါ်ဘဲလ်သံတစ်ချက်ကြောင့် တခေတ်ထရပ်ကာ အပြေးလေးသွားမလို့ပြင်ခိုက် တံခါးအဝင်ဝအကျော် ဧည့်ခန်းအစပ်၌ တံခါးဖွင့်ဝင်လာသော ညိုယံနဲ့တိုးလေ၏။
ညိုယံတစ်ယောက် သူ့အားလာကြိုဟန်တူသော တခေတ်ကိုတွေ့သည်နှင့် အံ့အားသင့်သလိုဖြစ်သွားကာ နောက်တော့မှ တခေတ်ကြောင်လေးပါ ညိုယံနဲ့အတူ ပါလာမှာဖြစ်ကြောင်း သိရှိပြီးဖြစ်မည်ဟုပြန်လည်သုံးသပ်မိပြီး ကြောင်ထည့်ထားသောခြင်းထောင်းလေးကို အနည်းငယ်မြှောက်ပြ၍…
“ဒီမှာ တခေတ်”
ထို့နောက် ညိုယံတစ်ယောက် မထင်မှတ်ထားတာကို လုပ်လိုက်တာကြောင့် တခေတ်မျက်လုံးတို့ပြူးကျယ်ကုန်ရ၏။
တခေတ်ရင်ဘတ်နား ထိလုမတတ် သူ့(ညိုယံ)ခေါင်းကြီးအား ငိုက်စိုက်လာခြင်း။
တခေတ်ခမျာ အလန့်တကြားဖြင့် အနောက်ကိုခြေတစ်လှမ်းလောက်ဆုတ်ပြီး ကိုယ်လေးယို့လိုက်ရ၏။
“ဘာ…ဘာဖြစ်တာလဲ”
တခေတ်မေးလိုက်တော့မှ ခေါင်းပြန်ထောင်လာပြီး ပြုံးဖြီးကာ ပြောလာပုံက…
“ကိုယ်ငယ်ငယ်တုန်းကလိုလေ…တခေတ်ကိုကတိပေးထားခဲ့တဲ့အတိုင်း အမှတ်ကောင်းရရင် တခေတ်က ကိုယ့်ခေါင်းကို 'ညိုယံတော်တယ်'ဆိုပြီးတော့ ပုပ်ပေးခဲ့သလို အခုလည်း ကိုယ်တခေတ်ကြောင်လေးကို ကုသပေးလို့ကောင်းသွားတော့ အဲ့လိုလေးများပြောပြီး ကိုယ့်ကိုခေါင်းလေးပုပ်ပေးလို့ရမလားလို့ ကိုယ်တောင်းဆိုကြည့်တာ”
*အဟွတ်* *အဟွတ်*
မျက်တောင်တဖြတ်ဖြတ်ခက်ကာ တောင်းဆိုနေတဲ့ အရိုင်းကောင်ကြောင့် တခေတ် အာခေါင်တွေခြောက်လာကာ ချောင်းတွေဆိုးနေရချေပြီ။
ဒီကောင်ကတော့ ပတ်ဝန်းကျင်ကို တော်တော်လေ့လာမှုအားနည်းတဲ့ကောင်…တွေ့မယ်ဒင်း။
“ညို…ယံ”
“ဗျာ”
သူ့နာမည်ကို အရမ်းများခေါ်ချင်လို့ခေါ်တယ်ထင်နေလားမသိ ထူးတောင်ထူးလိုက်သေး…တခေတ်မျက်လုံးထောင့်ကပ်ပြတာကိုတော့ မတွေ့တာလား မသိချင်ယောင်ဆောင်နေတာလားပင်…။
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်