[UNICODE]
"ဇော်ကြီး..."
ဇော်ကြီးအပြင် ရှိန်းညိုယံထင်းရဲ့သူငယ်ချင်း Jamesရနောင်ပါ,ပါလေရဲ့။
တခေတ်ကို ခေါင်းညိမ့်နှုတ်ဆက်လာတဲ့ ရနောင့်အပြုအမူကိုအသိအမှတ်ပြုကာ ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ဇော်ရဲအား…"မင်းဘယ်လိုရောက်လာတာလဲ?"
"မင်းပဲငါ့ကိုကြွားခဲ့တာလေ...တံခါးPasswordကို ညိုယံက မင်းမွေးနေ့ထားပေးခဲ့တဲ့အကြောင်း"
"မင်း!...မဟုတ်တာလျှောက်မပြောနဲ့"
ဗြောင်လိမ်နေတဲ့ကောင်ကို ဇော်ရဲနှုတ်ခမ်းတစ်ဖက် မဲ့စောင်းသွားရုံလေးပဲ ပြုံးပြလိုက်တယ်...ကိုယ်လိမ်တာကိုယ်သိ!!
"အဲ့ စနေမက ဘာမွှေနေပြန်ပြီလဲ?"
"နှောင်းနဲ့ဘာမှမဆိုင်ဘူး...ငါ့သဘောနဲ့ငါလုပ်တာ!"
"မင်းသဘောနဲ့မင်း???...ပြောပါဦး အဲ့စနေမနဲ့မတွေ့ခင်တုန်းက မင်း ညိုယံနဲ့ကွာရှင်းဖို့ကို စိတ်ကူးထဲတောင်မထည့်ခဲ့တဲ့အကြောင်းလေး"
ပြန်စွာဖို့ကို ပါးစပ်ဟလိုက်ရာမှ ပြောစရာစကားလုံးတွေ ပျောက်ရှနေတာကြောင့် ပါးစပ်ပြန်ပိတ်ကာ တံတွေးမြိုချနေပြီး တရှူးရှူးဒေါသထွက်နေတဲ့တခေတ်ကြောင့် ဇော်ရဲ 'ဟက်'ခနဲ ရယ်မိပြန်ပါပြီ။
ဒါကိုပင် သူတောင်းစားလေးက နာရကောင်းမှန်းမသိဘဲပြောလာသည်မှာ…
"ဒီမှာဇော်ရဲ...ဒီကောင်သာ ငါ့ဘဝကိုဝင်မရှုပ်ခဲ့ရင်..."
တခေတ် ညိုယံ့ကိုတချက်ကြည့်ပြီး ဇော်ရဲထံအကြည့်ပြန်ပို့ကာ ဆက်လက်ပြောလာသည်က...
"ငါနဲ့နှောင်းက အစကတည်းက နီးစပ်ရမယ့်သူတွေမဟုတ်ဘူးလား...ဟမ်!"
“အစကတည်းက နီးစပ်ရမယ့်သူတွေဟုတ်မဟုတ်ဆိုတာ မင်းကိုနွားဇာတ်ထဲဆွဲသွင်းခဲ့တဲ့ စနေမကိုသွားမေးကြည့်မင်းတခေတ်!!! ငါလည်ဖြတ်ခံပြီးလောင်းရဲတယ်!!”
“မင်းဘယ်လိုဖြစ်နေတာလဲ ဇော်ရဲ!…ငါကမင်းသူငယ်ချင်းအရင်းကြီးနော်!”
“သူငယ်ချင်းအရင်းကြီးလည်း သောက်ချိုးမပြေလို့ပြောနေရတာပေါ့!!”
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်