AllU(13)

355 29 1
                                    

[UNICODE]

တခေတ် တစ်ယောက်ယောက်က သူ့မျက်နှာအားကိုင်၍ ပွတ်သပ်နေသလိုခံစားရခြင်းကြောင့် မျက်စိမပွင့်သေးဘဲ နိုးချင်ချင်။ ပုံမှန်ဆို အအိပ်မက်တဲ့ တခေတ်ပါ။ ဒါပေမယ့် အခု မျက်နှာကိုအကိုင်ခံရတာက အသာအယာမဟုတ်ပဲ သိသိသာသာကိုပွတ်သပ်နေခြင်းကြောင့် အိပ်နေရာမှ သတိလည်လာခြင်းပင်။

နှာခေါင်းထဲတိုးဝင်လာတဲ့ ပြင်းရှရှအရက်နံ့စူစူးကြောင့် တခေတ်ကြောက်လန့်တကြား ဖျက်ခနဲဆို မျက်စိပွင့်လာရ၏။
မျက်စိပွင့်တာနဲ့ စတွေ့လိုက်သည်က တခေတ်မျက်လုံးအား စိုက်ကြည့်နေသော အရိုင်းကောင်။ တခေတ်နှုတ်ခမ်းတွေကိုလည်း သူ့လက်မနဲ့ ပွတ်သပ်ဖိဆွဲနေလေရဲ့။

တခေတ် အပေါ်ကအုပ်မိုးထားလေသူအား ယောင်တောင်ပေါင်တောင်နှင့် ကြောင်ကြည့်နေစဉ် အပေါ်စီးက အုပ်မိုးထားသူထံမှ…

“နိုးလာပြီလား…sorryနော်… တခေတ်အိပ်ရေးပျက်ဖို့ ကိုယ်မရည်ရွယ်ခဲ့ပါဘူး”

အပေါ်စီးကအုပ်မိုးထားသူထံကနေ တိုးလျလျအသံထွက်လာပါမှ ကြောင်ကြည့်နေတဲ့တခေတ် သတိပြန်လည်လာရင်း အလန့်တကြားဖြင့်…

“ဒါဘာလုပ်နေတာလဲ?!!! ဖယ်ကွာ!!!”

တခေတ် အိပ်နေရာမှထထိုင်ပြီး တွန်းဖယ်ထုတ်လိုက်သော်လည်း တစ်ချက်မှမရွေ့သော အရိုင်းကောင်ဟာ သန်မာလှ၏။

ထထိုင်သည်ဟုဆိုသော်လည်း ကျောမတ်သည်ဆိုရုံသာ…အပေါ်စီးကလူကြောင့် အိပ်ယာပေါ်ပြန်မကျရောက်စေဖို့ နောက်ပြန်တံတောင်ထောက်ထားကာ တင်းခံနေရသေး၏။

“ဖယ်လို့!!! အရက်သမားရဲ့!”

တခေတ် ပြောသာပြောနေရတာ တခေတ်နှုတ်ခမ်းနဲ့မျက်နှာတစ်ဝိုက်ကို ပွတ်သပ်နေတဲ့ အရိုင်းကောင်ကတော့ တခေတ်စကားကို တစ်ချက်ကလေးမှ ဂရုမစိုက် လုပ်ချင်တာလုပ်မြဲ။

အရိုင်းကောင် လက်တွေရန်ကနေ ရှောင်လိုက်… ဖယ်ဖို့ထပ်တလဲလဲပြောလိုက်နဲ့ ကြာတော့ တခေတ်စိတ်မရှည်စွာနဲ့ တစ်ကိုယ်လုံးအားသုံးပြီးသာ ကုန်းရုန်းထဖို့ကြိုးပမ်းပြန်၏။

AllUWhere stories live. Discover now