[UNICODE]
ဒေါသကြောင့် လူခေါ်ဘဲလ်ကို အဆက်မပြတ် ဖိနှိပ်နေသော မင်းတခေတ်။
အဆက်မပြတ်ထွက်လာသော ဘဲလ်သံကို လျစ်လျူရှုထားလျက် ထိုဒေါသအိုးလေးရဲ့ ပုံရိပ်အား တံခါးနားမှာတပ်ထားတဲ့ CCTV မှတဆင့် Monitorပေါ်ကနေ ကြင်နာစွာ ခပ်ဖွဖွလေးပြုံးလျက် ကြည့်နေသော ရှိန်းညိုယံထင်း။
အဟက်.....နောက်ဆုံးတော့ သူကိုယ်တိုင်လုပ်ကြံဖန်တီး ရေးသားထားတဲ့ ဇာတ်ကွက်ထဲ ခုန်ဝင်လာတဲ့ ယုန်ဖြူလေး...။
ရှိန်းညိုယံထင်းဆိုတဲ့ သူ့အတွက်ကြောင့်သာ ဖြစ်ပေါ်လာတဲ့ ဒေါသတွေကို နောက်နောင်လည်း လက်ခံနိုင်ဖို့ ကျင့်သားရအောင်လို့ အခုကတည်းက ဒေါသအိုးလေးကို ကြည့်ပြီး လေ့ကျင့်ပစ်လိုက်တယ်။
အိမ်ထဲက လူထွက်လာတာနဲ့ လူခေါ်ဘဲလ်အား အဆက်မပြတ်နှိပ်နေတဲ့ လက်ကလေးရပ်တန့်သွား၏။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ?"
ညိုယံ သူနဲ့လာတွေ့မှန်း သိသိရက်ဖြင့် ပြုံးယောင်သမ်းကာ ခပ်တည်တည် မေးလိုက်လေတော့....
"ဟိုကောင် ဘယ်မှာလဲ? ရှိန်းညိုယံထင်းဆိုတဲ့ကောင်!!"
ကြည့်ရတာ တခေတ်က သူ့အားရှိန်းညိုယံထင်းမှန်း သိဟန်မပေါ်.....
အင်း...နှစ်တွေတော်တော်ကြာသွားတဲ့အပြင် မတူညီတဲ့ဒေသရဲ့ အစားအစာတွေအရ Body Transformation က လုံးဝကွာခြားသွားတာကိုး။တစ်ချိန်က သူ့ထက် တစ်လက်မစာပိုရှည်သော သူ့ဆရာလေးက အခုတော့ သူ့ရဲ့ရင်ခွင်ထဲ ကွက်တိဝင်နိုင်သော အရပ်အမောင်းလေးဖြင့်ပင်…သေချာတယ် တခေတ်နဲ့ကိုယ်က သိပ်လိုက်ဖက်တာ။
"သူမရှိဘူးခင်ဗျ...အပြင်သွားတယ်...အိမ်ထဲဝင်ထိုင်ပါလား...ခဏနေ သူပြန်လာတော့မှာ"
ညိုယံ ဒေါသအိုးလေးကို ကြည့်ကာ စ,နောက် နေလိုက်သေး၏။
"သူအခုမရှိဘူးပေါ့? ဘယ်သွားလဲ အဲ့ခွေးလို အကောင်!!!"
ပါးစပ်က ဆဲလဲဆဲ ခြေထောက်ကလည်း အိမ်ထဲ ဝင်နှင့်နေပြီးသားပင်။ ဟုတ်တယ်...တခေတ် ဒီနေ့ အဲ့ခွေးလိုအကောင်နဲ့ တွေ့ရမှကို ဖြစ်မှာ...ဒါမှ မေမေ့ဆီ အမှန်တရားကိုပြလို့ရမှာ။
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်