"တခေတ်!"
"*ကျစ်*"
ညိုယံ့အော်ခေါ်သံကြောင့် တခေတ်တစ်ယောက် လှည့်မကြည့်ပါဘဲနဲ့ စုတ်သပ်လိုက်မိသည်။
တိုက်ခန်းအောက်ခြေတံခါးပိတ်ထားတာကြောင့် အိမ်ပေါ်ထိမရောက်နိုင်သော်လည်း တခေတ်သားကိုသွားကြိုဖို့ တိုက်ခန်းအောက်ဆင်းတာနဲ့ ညိုယံနဲ့တန်းတိုးသည်ဖြစ်ခြင်း။ဘယ်လိုကနေ ဘယ်လိုစုံစမ်းသိရှိပြီးရောက်လာတယ်လဲ မသိ...တခေတ်ရန်ကုန်ပြန်ရောက်တာ သိသည့်လူဟူ၍ မည်သူမျှမရှိ။ နှောင်းနဲ့တစ်နယ်တစ်ကျေးပြောင်းသွားကတည်းက,စလို့ မိဘဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာ ယခုထိတိုင်ပေ။
"တခေတ်..."
"လွှတ်စမ်း မင်း!!"
မသိချင်ယောင်ဆောင်ကာ သွားဖို့ပြင်ပါသော်လည်း နောက်ကလိုက်ပြီး လက်လိုက်ဆွဲနေတဲ့မောင့်ကြောင့် တခေတ်မှာအမြန်ဖြုတ်ချလိုက်ရ၏။
တခေတ်နေတာက အခြေခံလူတန်းစားရပ်ကွက်ဖြစ်တာကြောင့် ဘယ်နေရာက ချောင်းကြည့်လို့ကြည့်မှန်းမသိတဲ့ ရပ်ကွက်CCTVတွေက သိပ်များ၏။ ဒီမှာ၆လကြာနေလာတဲ့ တခေတ်ကို ပတ်ဝန်းကျင်က သိထားသည်က ကလေးတစ်ယောက်ရဲ့ဖခင်။
"မောင်အိမ်လိုက်လည်ချင်လို့"
"ငါမအားဘူး!!! ငါ့သားသွားကြိုရဦးမယ်"
"ဒါဆို မောင်လည်း အတူတူလိုက်ကြိုမယ်"
"မလိုက်နဲ့!!!"
မလိုက်နဲ့...မလိုက်ပါနဲ့မောင်ရယ်...ငါ့အနောက်ကိုရော မောင့်နှလုံးသားခေါ်ဆောင်ရာနောက်ကိုရော မလိုက်,လိုက်ပါနဲ့။
အတွေးထဲနှင့်ခြားနားစွာ တခေတ် မောင့်ကို စိတ်ပျက်သလိုကြည့်ပေးလိုက်၏။
"တခေတ်အကြည့်က မောင့်ကိုအတင်းအကြပ်မလုပ်,လုပ်မိအောင် ဖိအားပေးနေသလိုပဲ...*ဟင်း*"
သက်ပြင်းမောတစ်ချက်ချလိုက်တဲ့ ညိုယံကတော့ အပြောနဲ့အလုပ်ညီစွာ တခေတ်ကို ပခုံးပေါ်ထမ်းတင်၍ တခေတ်နေထိုင်ရာ လေးလွှာတိုက်ခန်းဆီသို့ ခေါ်ဆောင်သွားလေတော့၏။
.
.
.
"အ! နာလိုက်တာဗျာ"
YOU ARE READING
AllU
Romanceကိုယ့်ဘဝမှာ အလိုအပ်ဆုံးက ခင်ဗျားဖြစ်သလို အလိုချင်ဆုံးကလည်း ခင်ဗျားတစ်ယောက်တည်းပဲ....တခေတ်။ အဲ့ဆန္ဒတစ်ခုက သေတာတောင် မပြောင်းလဲဘူး။ #ရှိန်းညိုယံထင်း(Stevin Yan) #မင်းတခေတ်