ငါ့သားက ယနေ့ခေတ်ကို ကူးပြောင်းလာတဲ့ မင်းသားတစ်ပါးပဲ (စုန့်ယွမ်)
စာစဥ်မိတ်ဆက်
စုန့်ယွမ်သည် ငါးနှစ်အရွယ် ကလေးတစ်ယောက်ကို မတော်တဆ ကောက်ရခဲ့သည်။
ထိုကလေးမှာ တောက်ပသော မျက်လုံး ၊ တိကျသေသပ်သော မျက်နှာ အသွင်အပြင်နှင့် ဝံ့ဝံ့ကြွားကြွား အပြုအမူတွေ ရှိသည်။ သူက သူ့ကိုယ်သူ " ဒီမင်းသား " ဟု နာမ်စားသုံး ခေါ်ဝေါ်တတ်ပြီး သူ့အပြုအမူတွေဟာ ရိုင်းပျကာ အေးစက်မောက်မာလေသည်။
" မယ်မယ်က သားတော်ရဲ့ ခမည်းတော်နောက်ကွယ်မှာ တခြား အမျိုးသားတွေနဲ့ ဘယ်လိုတောင် ကလူကျီစယ်နေရဲရတာလဲ။ "
" သူက ဒီမင်းသားကို စော်ကားခဲ့တာလေ။ အဲ့ဒါကို မယ်မယ်က သူ့ဘက်က ရပ်တည်တယ်တဲ့လား။ ဒီမင်းသားက သူ့ဆွေစဉ်မျိုးဆက်ကို သေမိန့်ချရလိမ့်မယ်။ "
" ဂူး ( ဒီမင်းသား ) က အဲ့လို နိမ့်ကျတဲ့ အစားအစာတွေကို ဘယ်တော့မှ မစားဘူး။ "
စုန့်ယွမ်သည် အလွန် စိတ်ဒုက္ခ ရောက်နေခဲ့ရသည်။ ဒီကလေးဟာ တကယ်ပဲ သူမရဲ့ ကလေး ဖြစ်ကြောင်း ဒီအင်န်အေ ဆေးစစ်ချက် ရလဒ်က အတည်ပြုပေးထားပေမဲ့ သူက ဘာလို့ လိမ်ညာလှည့်စားနေတဲ့ လူလို ပြုမူနေရတာလဲ။
အဲ့ဒါထက် ပိုအရေးကြီးတာက ဒီကလေးရဲ့ အဖေကရော ဘယ်သူလဲ။
မင်းသားလေးဟာ စိုးရိမ်ပူပန်ရလွန်းလို့ ရူးသွားပါတော့မယ်။ အကယ်၍ ဖခမည်းတော်သာ မကြာခင် လိုက်မလာဘူး ဆိုရင် မယ်မယ်က ခမည်းတော်အပေါ် တကယ် ဖောက်ပြန်သွားတော့မယ်ဗျ။
( T/N* ဂူး ဆိုတဲ့ စကားလုံးက ' ဒီမင်းသား ' လို့ အဓိပ္ပာယ်ရပါတယ်။ )
Zawgyi
ငါ့သားက ယေန႔ေခတ္ကို ကူးေျပာင္းလာတဲ့ မင္းသားတစ္ပါးပဲ (စုန္႔ယြမ္)
စာစဥ္မိတ္ဆက္
စုန္႔ယြမ္သည္ ငါးႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ကို မေတာ္တဆ ေကာက္ရခဲ့သည္။
ထိုကေလးမွာ ေတာက္ပေသာ မ်က္လုံး ၊ တိက်ေသသပ္ေသာ မ်က္ႏွာ အသြင္အျပင္ႏွင့္ ဝံ့ဝံ့ႂကြားႂကြား အျပဳအမူေတြ ႐ွိသည္။ သူက သူ႕ကိုယ္သူ " ဒီမင္းသား " ဟု နာမ္စားသုံး ေခၚေဝၚတတ္ၿပီး သူ႕အျပဳအမူေတြဟာ ႐ိုင္းပ်ကာ ေအးစက္ေမာက္မာေလသည္။
" မယ္မယ္က သားေတာ္ရဲ႕ ခမည္းေတာ္ေနာက္ကြယ္မွာ တျခား အမ်ိဳးသားေတြနဲ႔ ဘယ္လိုေတာင္ ကလူက်ီစယ္ေနရဲရတာလဲ။ "
" သူက ဒီမင္းသားကို ေစာ္ကားခဲ့တာေလ။ အဲ့ဒါကို မယ္မယ္က သူ႕ဘက္က ရပ္တည္တယ္တဲ့လား။ ဒီမင္းသားက သူ႕ေဆြစဥ္မ်ိဳးဆက္ကို ေသမိန္႔ခ်ရလိမ့္မယ္။ "
" ဂူး ( ဒီမင္းသား ) က အဲ့လို နိမ့္က်တဲ့ အစားအစာေတြကို ဘယ္ေတာ့မွ မစားဘူး။ "
စုန္႔ယြမ္သည္ အလြန္ စိတ္ဒုကၡ ေရာက္ေနခဲ့ရသည္။ ဒီကေလးဟာ တကယ္ပဲ သူမရဲ႕ ကေလး ျဖစ္ေၾကာင္း ဒီအင္န္ေအ ေဆးစစ္ခ်က္ ရလဒ္က အတည္ျပဳေပးထားေပမဲ့ သူက ဘာလို႔ လိမ္ညာလွည့္စားေနတဲ့ လူလို ျပဳမူေနရတာလဲ။
အဲ့ဒါထက္ ပိုအေရးႀကီးတာက ဒီကေလးရဲ႕ အေဖကေရာ ဘယ္သူလဲ။
မင္းသားေလးဟာ စိုးရိမ္ပူပန္ရလြန္းလို႔ ႐ူးသြားပါေတာ့မယ္။ အကယ္၍ ဖခမည္းေတာ္သာ မၾကာခင္ လိုက္မလာဘူး ဆိုရင္ မယ္မယ္က ခမည္းေတာ္အေပၚ တကယ္ ေဖာက္ျပန္သြားေတာ့မယ္ဗ်။
( T/N* ဂူး ဆိုတဲ့ စကားလုံးက ' ဒီမင္းသား ' လို႔ အဓိပၸာယ္ရပါတယ္။ )