အခန်း ( ၅ ) " ဂူး ပြန်မဖြေချင်ဘူး။ "
" တယ်လီဖုန်း ဆိုတာ ဘယ်လိုဟာမျိုးလဲ ကလေး သိလား။ "
" မိုဘိုင်းဖုန်း ဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာရော ကလေး သိလားဟင်။ "
" တီဗီကိုရော သိလား။ လေအေးပေးစက်က ဘယ်လိုဟာမျိုးလဲ ဆိုတာ ကလေး သိလား။ ဘောပင် ဆိုတာရော သိလားဟင်။ အေ ဘီ စီ ဒီ ကိုရော သိလား။ "
စုန့်ယွမ်က မေးခွန်းတွေ အများကြီးကို တစ်ခုပြီး တစ်ခု မေးနေခဲ့သည်။
ရုန်းထင်း မျက်မှောင်ကြုတ်လိုက်မိသည်။ " ဂူး ဒီနေ့ခေတ် ပစ္စည်းတွေကို မသိတာနဲ့ပဲ မယ်မယ် လှောင်ပြောင်စရာ မလိုပါဘူး။ "
စုန့်ယွမ်ရဲ့ ရင်ထဲမှာ ထိတ်ခနဲ တုန်သွားသည်။ ဖြစ်နိုင်ချေမရှိဆုံး အကြောင်းအရာကို အမှန်တကယ် ဖြစ်ပျက်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။ အချိန်ကူးပြောင်းခြင်း ဝတ္ထုတွေ ဆိုတာ အက်ကြောင်းထပ်နေတဲ့ မြင်တွေ့နေကျ အရာမျိုးပင်။ မူလတန်းကျောင်းသားတိုင်း မားအာထိုက်လော့ရှီး ( နာမည်ကြီး အချိန်ကူးပြောင်းခြင်း တီဗီ ဒရာမာထဲမှ ဇာတ်ကောင် ) ကို သိကြသည်။ ထိုဇာတ်လမ်းကို စာရေးဆရာ ရေးထားတယ် ဆိုတာကိုလည်း သိကြသည်။ အခုတော့ အချိန်နှင့် စကြဝဠာတို့ကို ဖြတ်ကျော်၍ ကူးပြောင်းလာခဲ့ခြင်းလို အဖြစ်အပျက်မျိုးက သူမမျက်စိရှေ့မှာ ရောက်နေပါပြီ။ ဒီကလေးရဲ့ ဝိညာဉ် ၊ သို့မဟုတ် စိတ်က မူမမှန်ဘူးလား ဆိုတာကို သူမ သိချင်မိသော်လည်း ရုန်းထင်းရဲ့ မျကိလုံးတွေက တောက်ပကြည်လင်နေကာ သာမန် မဟုတ်ဘဲ ထူးခြားသော လူ တစ်ယောက်ရဲ့ အရှိန်အဝါမျိုးကိုပင် ပေးစွမ်းနေသည်။
သူမလည်း ရူးနေပြီဟု ကိုယ့်ကိုယ်ကိုယ် ခံစားနေရသည်။ ရှေးခေတ်ကနေ ယနေ့ခေတ်ကို အချိန်ကူးပြောင်းလာတယ်လို့ တွေးနေရုံသာမက မသိစိတ်ထဲကနေ အဲ့ဒါကို အမှန်စင်စစ်လို့ ထင်နေမိတဲ့ အထိပဲ။
သူမ သံသယရှိနေသရွေ့ ဒီလို အဓိပ္ပာယ်မရှိတဲ့ အရာမျိုးကို လက်ခံယုံကြည်ပေးမှာ မဟုတ်ပါ။
စုန့်ယွမ်သည် အချက်အလက်တွေ အကြောင်း အရမ်း မေးချင်နေပေမဲ့ ရုန်းထင်း အတော်လေး မကျေမနပ် ဖြစ်နေပြီ ဆိုတာကို သိပါသည်။ ဒီကောင်လေးလည်း သူ ဘာဖြစ်ခဲ့တယ် ဆိုတာကို မသိနိုင်လောက်သောကြောင့် သူမ တစ်ခုပြီး တစ်ခု မေးမြန်းနေခြင်းက သူ့ဒေါသကို ပိုဆိုးစေလိမ့်မည်။ သူမတို့ နှစ်ယောက် ဒီနေ့ တစ်ခုခု စားပြီး စူပါမားကတ်မှာ လည်ပတ်ရပါဦးမည်။ ထို့ကြောင့် တခြား ဘာကိုမှ လုပ်လို့ မဖြစ်။