Chapter-8

455 62 0
                                    

အခန်း ( ၈ ) မယ်မယ်က သူ့အတွက် တစ်ကြိမ် နာကျင်ခံစားရပြီးပြီမို့ သူကလည်း သူ့ကို ယာယီ မေ့လျော့သွားတယ် ဆိုပြီး မယ်မယ့်ကို အပြစ်မတင်သင့်ပါ။

ဒီစကားတွေက စိတ်ကူးကြည့်လို့ မရလောက်တဲ့ ထူးခြားဆန်းကြယ် ဖြစ်ရပ်ကြီးကို နားလည်စေတယ်လို့ ထင်မြင်ယူဆလိုက်ပါက ရုန်ထင်း ပြောသမျှ စကားတွေ အကုန်လုံးကိုလည်း အမှန်တရားလို့ လက်ခံလိုက်တာနှင့် အတူတူပဲ ဖြစ်သည်။ တခြား ရှုထောင့် တစ်ခုကနေ ကြည့်လျှင်တော့ ရုန်ထင်းက သူမရဲ့ သားပါ ဆိုတဲ့ သက်သေ ရှိလျှင် သူမ ရှေးခေတ်ကို အချိန်ကူးပြောင်းပြီး မိဖုရား ဖြစ်သွားခဲ့တယ် ဆိုတာကလည်း အမှန်တရား ဖြစ်သွားလိမ့်မည်။

ရုပ် ကူးပြောင်းခြင်းနှင့် နာမ် ကူးပြောင်းခြင်း ဆိုပြီး အချိန်ကူးပြောင်းခြင်း ၂ မျိုး ရှိသည်။

အိပ်ရာနိုးလာပြီးနောက်ပိုင်း သူမရဲ့ ခန္ဓာကိုယ်မှာ ဖြစ်နေခဲ့သော အပြောင်းအလဲတွေ အကြောင်း စဉ်းစားကြည့်လိုက်တော့ သူမက ရုပ် ကူးပြောင်းသွားခဲ့တာ ဖြစ်ဖို့ များသည်။

ဒီကလေးက သူမရဲ့ သား ဖြစ်ရင် ဖြစ်နေလောက်တယ်ဟု တွေးကြည့်မိလျှင် စုန့်ယွမ်သည် သူ့အပေါ် နည်းနည်းလေး ပိုစိတ်ရှည်လာမိသည်။ သူမတို့ တစ်ညနှင့် တစ်ရက်သာ အတူ နေရသေးပေမဲ့ သူ့စရိုက်ကို ယေဘုယျအားဖြင့် နားလည်နေပါပြီ။ သူက အထိအရှလွယ် ၊ ဒေါသထွက်လွယ်ပြီး ကိန်းကြီးခန်းကြီးနိုင်တဲ့ နူးညံ့တစ်လှည့် ၊ မာကျောတစ်လှည့် ကောင်ကလေး တစ်ယောက် ဖြစ်လေ၏။ မိခင် ဟုတ် ၊ မဟုတ် ဆေးစစ်ဖို့ အတွက် ဆိုရင် နှစ်ဖက်စလုံးရဲ့ သဘောတူညီချက် လိုသည်။ ဆေးစစ်ချင်သည့် နှစ်ယောက်ထဲမှ တစ်ယောက်က အသက် ၁၀ နှစ်ဝောာင် မပြည့်သေးတဲ့ ကလေးအရွယ်လေး ဆိုရင်တောင်မှပေါ့။

စုန့်ယွမ်က ခဏလောက် ငိုင်တိုင်တိုင် ဖြစ်သွားပြီးမှ မေးလိုက်သည်။ " ဂူး ... တကယ်လို့ အစ်မက မင်းကို လုံးဝ အသိအမှတ်မပြုဘူး ၊ အဲ့ဒီ မှတ်ဉာဏ် အပိုင်းအခြားကိုလည်း လုံးဝ မမှတ်မိတော့ဘူးပဲ ထားပါဝောာ့။ အစ်မရဲ့ မှတ်ဉာဏ်တွေကို ပြန်မရခင်မှာ အစ်မနဲ့ မင်းနဲ့ သွေးသားတော်စပ်လား ဆိုတာကို အတည်ပြုဖို့ နည်းလမ်း တချို့ကို သုံးမယ် ဆိုရင် မင်း အဆင်ပြေလား။ "

ငါ့သားက ယနေ့ခေတ်ကိုကူးပြောင်းလာတဲ့ မင်းသားတစ်ပါးပဲ (MM TRANSLATION)Onde histórias criam vida. Descubra agora