အခန်း ( ၂ ) ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်း ကျွန်တော်နဲ့ ကျွန်တော့်မယ်မယ်ရဲ့ ပတ်သတ်မှု အကြောင်း သိတယ်။
" မယ်မယ် ဂူးကို မသိဘူးလား။ "
" မယ်မယ် ဂူးကို မေ့သွားပြီလား။ "
စုန့်ယွမ်ကတော့ သူမ ပြောလိုက်တဲ့ စကားက ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားကာ တည်ငြိမ် ချစ်စရာကောင်းသော ဤကလေးအပေါ် ဆိုးဝါးသော ပြစ်မှုကြီး တစ်ခုကို ကျုးလွန်မိသကဲ့သို့ ရုတ်တရက် ထစိတ်ဆိုးပြီး စွေ့စွေ့ခုန်သွားစေတယ် ဆိုတာ မသိခဲ့ပေ။
" အင်း ..... ကလေး ... " စုန့်ယွမ်က ဒီကလေးလေးဟာ သရဲ မဟုတ်မှန်း သေချာသွားတော့မှ ခုနတုန်းကထက် ပိုစိတ်တည်ငြိမ်သွားခဲ့သည်။ သူမ ဆက်ပြောလိုက်၏။ " မင်းမှာ မင်း အဖေနဲ့ အမေရဲ့ ဖုန်းနံပါတ် ရှိလား။ ကလေးကို လာခေါ်ဖို့ အစ်မ ဖုန်းဆက်ပေးရမလား။ "
ရုန်းထင်းက သူမကို ဒေါသတကြီး ကြည့်နေသည်။
သူ မှတ်မိသလောက် သူ့မယ်တော်ကို သူ တစ်ခါမှ မမြင်ဖူးသလို ခမည်းတော်ကလည်း သူ့ရှေ့မှာ သူမအကြောင်း ပြောတာ ရှားသည်။ နန်းတော်ထဲမှာလည်း သူ့မယ်မယ်က တားမြစ်ထားသည့် အကြောင်းအရာ တစ်ခု ဖြစ်နေပုံပေါ်ပေမဲ့ အဲ့ဒါက မယ်မယ်နှင့် ပတ်သက်လို့ ရနိုင်သမျှ အချက်အလက်များကို ရရှိရန် အစွမ်းကုန် ကြိုးစားခြင်းကနေ သူ့ကို မတားဆီးနိုင်ခဲ့ပါ။
နန်းတွင်း အစေခံ အဘွားက သူ့မယ်မယ်ဟာ သူ သန္ဓေသားဘဝဖြင့် သူမရဲ့ ဗိုက်ထဲမှာ ရှိနေချိန်ကတည်းက သူ့ကို အလွန် ချစ်သည်ဟု ပြောပြခဲ့သည်။ သူ့မယ်မယ်က သူ့ကိုသာ အချစ်ဆုံးပါတဲ့လေ။
နန်းတွင်း အစေခံ အဘွားအား သူ့မယ်မယ် သူ့ကို တွေ့ရင် မှတ်ရော မှတ်မိပါ့ဦးမလားလို့ သံသယဖြစ်စွာ မေးခဲ့မိသည်။
နန်းတွင်း အစေခံ အဘွားက ဝမ်းနည်းစိတ်ကြောင့် မျက်လုံးများ နီရဲသွားပြီး ဘယ်မိခင်ကမှ ကိုယ့်သားသမီးကို မမေ့ပါဘူးကွယ်ဟု သူ့ကို ပြောခဲ့သည်။
အခုဝောာ့ သူမက သူ့ကို မေ့သွားခဲ့တာလား။
ရုန်းထင်း သူမကို အေးစက်စွာ ကြည့်လိုက်သည်။ " ဒီမင်းသားက မယ်မယ့်ကို လာတွေ့နိုင်အောင်လို အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ပြီး ခမည်းတော် မသိအောင် လာခဲ့ရတာ။ မယ်မယ်ကဝောာ့ ဒီမင်းသားကို မေ့သွားခဲ့ပြီပေါ့လေ။ "