Chapter-6

381 53 0
                                    

အခန်း ( ၆ ) " မယ်မယ်က တိုင်းပြည်ရဲ့ တော်ဝင်မိခင်ပါ။ ဒီလို အရာမျိုးကို ကိုယ်တိုင် လုပ်စရာ မလိုပါဘူး။ "

စုန့်ယွမ်ရဲ့ မူလ အစီအစဉ်က ရှော့ပင်းမောလ်ထဲမှာ တစ်ပတ်လောက် လျှောက်ပတ်ကြည့်ပြီး နေ့လယ်စာ စားဖို့ ဖြစ်သော်လည်း အချိုပွဲ ရောင်းသည့် ဆိုင်လေးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အပြီးတွင်တော့ အိမ်ကိုပဲ ပြန်ပြီး နေ့လယ်စာ စားတာ ပိုကောင်းလိမ့်မည်ဟု တွေးမိသွားလေသည်။

ကံကောင်းစွာဖြင့် ရုန်းထင်း၏ ပုံစံလေးက ချစ်စရာကောင်းပြီး လူတွေရဲ့ မေတ္တာကို ချူယူနိုင်သည်။ စုန့်ယွမ်သည် ကောင်ကလေးဟာ အိမ်မှာ နေ့စဉ်နေ့တိုင်း ရှေးခေတ် ဒရာမာတွေကို ကြည့်တတ်တာကြောင့် သူ ဒီလို အထိတ်တလန့် ဖြစ်သွားတာပါဟု အကြောင်းပြချက် ပေးလိုက်၏။ ရုန်းထင်းကို ကြည့်နေသော အချိုပွဲဆိုင် အရောင်းစာရေးမလေးရဲ့ မျက်လုံးထဲမှ အကြည့်က ပိုလို့တောင် နှစ်လိုဖွယ်ကောင်းသွားကာ ကြမ်းတိုက်တုတ်တံကို ကိုင်ထားလျက် ရောက်လာသော သန့်ရှင်းရေးအဒေါ်ကြီးပင်လျှင် သဘောကောင်း ဖော်ရွေနေခဲ့လေသည်။ ကလေးကို စုန့်ယွမ် ဆူမှာကို စိုးရိမ်၍ ထိုသန့်ရှင်းရေးအဒေါ်ကြီးက အပြုံးလေးဖြင့် ပြောလာခဲ့သည်။ " ဒီကလေးလေးက ချစ်စရာကောင်းလိုက်တာကွယ်။ မင်းတို့က မောင်နှမတွေ ဖြစ်ရမယ်။ တကယ်တော့ မိန်းကလေးရယ် ၊ ကလေးကို အအေးစာတွေ လျှော့ကျွေးသင့်တယ်နော်။ အအေးစာတွေ ဆိုတာ အစာအိမ် အတွက် မကောင်းဘူး။ "

ရုန်းထင်းရဲ့ မျက်နှာ အမူအရာကတော့ အေးစက်နေပြီး ပါးစပ်ကနေ တစ်ခုခုကို ပြောချင်သလို ပုံစံ ဖြစ်နေခဲ့သည်။ သူ့အကြောင်း အနည်းငယ် နားလည်နေပြီ ဖြစ်သော စုန့်ယွမ်က သူ့ပါးစပ်ကို လက်နှင့် အမြန် အုပ်ကာ သန့်ရှင်းရေးအဒေါ်ကြီးကို တောင်းပန်လိုက်ပါသည်။ " ကျွန်မတို့ အဒေါ့်ကို ဒီနေ့ ဒုက္ခပေးမိသွားပြီ။ တကယ် တောင်းပန်ပါတယ်ရှင် ၊ တောင်းပန်ပါတယ်။ "

စုန့်ယွမ်က ရုန်းထင်းအား ဈေးဆိုင်တန်းတွေ အများကြီး ရှိသော မြေညီထပ်သို့ ခေါ်လာခဲ့ပြီး သက်ပြင်းချလိုက်သည်။ " ဒီနေရာမှာ အဆိပ် ခတ်ထားလား ၊ မခတ်ထားဘူးလား စမ်းသပ်တဲ့ ကိရိယာတွေ မရှိသလို အစ်မကို အန္တာရာယ်ပေးချင်တဲ့ သူလည်း တစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်ကတော့ အစ်မရဲ့ အမှားပါ။ ဒီနေ့ခေတ်နဲ့ အသားမကျသေးတဲ့ ကလေးကို အပြင်ခေါ်လာခဲ့မိတယ်။ အဲ့ဒါကြောင့် ဒီလို အရာတွေနဲ့ မင်း စိမ်းနေတာ မထူးဆန်းပါဘူး။ အစ်မ တောင်းပန်ပါတယ်နော်။ "

ငါ့သားက ယနေ့ခေတ်ကိုကူးပြောင်းလာတဲ့ မင်းသားတစ်ပါးပဲ (MM TRANSLATION)Where stories live. Discover now