အခန်း ( ၄ ) " တော်လောက်ပြီ။ ဂူး မယ်မယ်နဲ့ မငြင်းခုံချင်ဘူး။ "
ကုမ္ပဏီက သူမ ဦးလေးရဲ့ အပိုင်ဖြစ်သော်လည်း စုန့်ယွမ်သည် အလုပ်ကို သွားချင်တဲ့အခါ သွား ၊ မသွားချင်တဲ့အခါ မသွားဘဲ မနေရဲသလို အလုပ်ချိန်လည်း နောက်မကျရဲ။ ကျိုးကြောင်းဆီလျော်မှု မရှိသော တစ်ပတ်ဝာာ နေမကောင်းခွင့်ယူခြင်းမှ လွဲလို့ အကြောင်းပြချက်ကောင်း မရှိဘဲ သူမ ဘယ်တော့မှ အလုပ်မပျက်ရဲပါ ၊ အလုပ်နောက်ကျတယ် ဆိုတာလည်း လက်ချိုးရေလို့ ရလောက်အောင် ရှားသည်။ စုန့်ယွမ် အိပ်ရာထပြီး သူမရဲ့ အိပ်ခန်းထဲကနေ ထွက်လာလိုက်ဝောာ့ ဆိုဖာပေါ်မှာ ခပ်မတ်မတ် ထိုင်နေသော ရုန်းထင်းကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေကတော့ ဖွင့်မထားသော တီဗီ ဖန်သားပြင် အမည်းရောင်ကို " ဒါက ဘာပစ္စည်းကြီးလဲ " ဟု သိချင်နေသလို စူးစိုက် ကြည့်နေခဲ့၏။
" ရေခဲသေတ္တာထဲမှာ ဘာမှ မရှိလို့ အစ်မ မနက်စာကို အပြင် စားသောက်ဆိုင် တစ်ဆိုင်ကနေ မှာထားတယ်နော်။ " စုန့်ယွမ်က ခေါင်းဖီးရင်း ပြောလိုက်သည်။ " နေ့လယ်ကျရင်လည်း အစ်မ မင်း အတွက် နေ့လယ်စာ လာပို့ပေးဖို့ ဆိုင် တစ်ဆိုင်ကနေ မှာပေးလိုက်မယ်နော်။ "
" အီးး ၊ မတွေးနဲ့ဝောာ့ .. မတွေးနဲ့တော့။ " စုန့်ယွမ်သည် ကလေးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့တာက အရမ်း တာဝန်မဲ့လွန်းရာကျသည်ဟု ခံစားနေရသည်။ သူမရဲ့ ခေါင်းထဲမှာ " ကလေး တစ်ယောက် ကစားရင်း အဆောက်အအုံပေါ်မှ ပြုတ်ကျခြင်း " နှင့် " လူစိမ်းများ အိမ်ထဲ ဖောက်ထွင်းဝင်ရောက်လာပြီး ကလေးကို ပြန်ပေးဆွဲသွားခြင်း " ကဲ့သို့ သတင်းတွေ မျိုးစုံ ပေါ်လာသည်။ ထို့နောက် သူမရဲ့ ကံကြမ္မာကို လက်ခံလိုက်ပြီး သက်ပြင်းလေး ရှိုက်ကာ ခေါင်းငိုက်စိုက် ချထားလိုက်မိသည်။ " ဘာပဲဖြစ်ဖြစ် ငါ ဒီနေ့ ခွင့်ယူလို့ ရပါသေးတယ်။ ဒါပေမဲ့ မနက်ဖြန်ကတော့ စနေနေ့ ဖြစ်နေလို့ တော်သေးတယ်။ "
စုန့်ယွမ်သည် ကလေး အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး တကယ့်ကို စိတ်ချလက်ချ မနေနိုင်ပေ။
သူလေးက သူမရဲ့ ကလေး မဟုတ်ပေမဲ့ သူမရဲ့ အိမ်မှာ ရှိနေတာမို့ သူမက သူ့ '' အုပ်ထိန်းသူ " နေရာကို ယာယီ တာဝန်ယူထားရတာ သဘာဝပါပဲ။