အခန်း ( ၁၀ ) ယောက်ျားတွေ ဆိုတာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် စိတ်မရှည်ကြဘူး။
တခြား ကိစ္စတွေဆို မရှင်းပြတတ်လောက်ပေမဲ့ ဒီကိစ္စကတော့ စုန့်ယွမ် အတွက် လွယ်လွန်းသည်။
စုန့်ယွမ်က သူမရဲ့ အိတ်ကပ်ထဲကနေ ဖုန်းကို ထုတ်ကာ Gallery ကို ဖွင့်လိုက်သည်။ Gallery ထဲမှာ သူမရဲ့ ရတနာလေးတွေ ရှိသည်လေ။
စုန့်ယွမ်က အလွန် ချောသော ယောက်ျားလေး တစ်ယောက်ရဲ့ ဓာတ်ပုံအား ရုန်ထင်းကို ပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " အစ်မ ပြောတဲ့ မိုက်တယ် ဆိုတာ ဒါမျိုးပေါ့။ "
ထို့နောက် သူမ အင်တာနက်ပေါ်မှ တွေ့ကရာ လူစိမ်း တစ်ယောက်၏ ဓာတ်ပုံကို ရှာကြည့်လိုက်သည်။ " ဒီလို လူမျိုးကိုတော့ အစ်မက မမိုက်ဘူးလို့ သတ်မှတ်တယ်။ "
ရုန်ထင်းရဲ့ လက်ရှိ မျက်နှာ အမူအရာက မြေအောက်ရထား ဘူတာရုံမှာ ဖုန်းကို ကြည့်နေသော အဘိုးအို တစ်ယောက်ရဲ့ မျက်နှာ အမူအရာနှင့် တူနေသည်။
မယ်မယ် ဘာလို့ ဒီလိုမျိုး ပြုမူနေတာလဲ ဆိုတာ သူ အဖြေရှာမရ ဖြစ်နေမိသည်။
" လိုရင်းကို ပြောရမယ် ဆိုရင် ခမည်းတော်က ကျက်သရေရှိရှိ တင့်တယ်လား ၊ ဆွဲဆောင်မှု အပြည့် ရှိပြီး ပညာရည် ပြည့်ဝလား ၊ စရိုက်ရော ကောင်းရဲ့လားလို့ မယ်မယ် မေးနေတာလား။ "
သူမ " အာ " ခနဲ အသံပြုကာ ရုတ်တရက် ရယ်လိုက်မိသည်။ " အင်း ၊ အဲ့လို ပြောလို့ ရပါတယ်။ "
အင်တာနက် အသုံးပြုသူ တချို့က ဖတ်စရာ စာအုပ်တွေကို ဘာလို့ ပိုလိုချင်နေကြလဲ ဆိုတာ အံ့ဩစရာ မရှိပေ။ သူမရဲ့ ဝေါဟာရတွေက အခုအချိန်မှာ အလွန် အကန့်အသတ် ရှိနေသည်။ " နာမည်ကြီး စုံတွဲရဲ့ အမာခံ ပရိသတ် " ၊ " အား ၊ ချစ်စရာကောင်းလွန်းလို့ ငါ သေတော့မယ် " ၊ " ငါ လုပ်နိုင်တယ် " ၊ " အရမ်း ကောင်းတာပဲ " ၊ " ဟားဟားဟား ၊ သေလိုက်ပါဝောာ့ " ဆိုတဲ့ ဝေါဟာရတွေကိုပဲ သူမ သိလေသည်။
ကောလိပ် ဘွဲ့ရ တစ်ယောက် ဖြစ်တဲ့ သူမဟာ ကလေးငယ်လေး တစ်ယောက်ထက် ဘယ်နေရာမှာမှ ပိုမတော်ပေ။
ရုန်ထင်း နေ့တိုင်း တွေ့နေရတဲ့ ခပ်စူးစူး အသံကျယ်ကျယ်ပိုင်ရှင် မိန်းမစိုးတွေ ၊ တရားရေးရာ အမှုထမ်း အမျိုးသမီးတွေနှင့် တစ်ခေါင်လုံး ငွေမှင်ရောင် ဆံပင်တွေ ဖုံးလွှမ်းနေသော တော်ဝင် နည်းပြဆရာတို့ အကြောင်း ပြန်တွေးမိတော့ ခမည်းတော်ကို ဒီစကားလုံးနှင့် ဖော်ပြဖို့ သင့်တော်ရဲ့လား ၊ မသင့်တော်ဘူးလား ဆိုတာ တကယ် မသိတော့ပါ။