Ch3

339 77 0
                                    

Unicode

ယိုကျန်းဖန်​ က အခန်းထဲက​နေ အမြန်ဆုံးထွက်သွားခဲ့ပြီး သူ့ညီကိုတွေကို သီးသန့် အခန်းထဲမှာ သွား တွေ့လိုက်သည်။ သူ့ညီကိုတွေက " ဘယ်လိုလဲ မင်းခြောက်ခဲ့လား?"

"တိတ်စမ်း" ယိုကျန်းဖန်က ပြောလိုက်တဲ့ သူရဲ့နောက်စေ့ကို ရိုက်ချလိုက်သည်။ "မြန်မြန်လေးငါ့အတွက်formal suit ယူလာခဲ့ကြ ပြီးတော့ ဆံပင် အမလေး ဘုရားရေ...ဒီအရောင်စုံနေတဲ့ ဆံပင်ကို ဘယ်လိုလုပ်ရပါ့မလဲ!"

ညီကိုတွေက ပြောင်းလဲမြန်တဲ့ အကိုကြီးကိုကြည့်ပြီး အရမ်းကို ထိတ်လန့်သွားသည်။ လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကပဲ သူက blind date ကို ပျက်စီးအောင်လုပ်ချင်တယ်။ နောက် စက္ကန့်ကျတော့ သူက သူ ကြင်ဖက်တွေ့မယ့်သူနဲ့ အတူတူ အိုမင်းသွားဖို့ အဆင့်သင့်ဖြစ်နေပြီ။ သူ့တို့ အကိုကြီးရဲ့ စိတ်က နွေရာသီရဲ့ မိုးလိုပဲ၊ ဘယ်အချိန်မဆို ဆိုးရွားလာနိုင်တယ်။

စန်းရှောင် သီးသန့်ခန်းတံခါးကို တစ်ချက်ကြည့်လိုက်ပြီး ရှီယောင်ဖူ ကို ခပ်ခပ်မြန်မြန် လေး အကြည့်နဲ့ အချက်ပြလိုက်သည်။ ရှီယောင်ဖူက ​အလျင်အမြန် သီးသန့်အခန်းတံခါးကို ပိတ်ဆို့ထားပြီး ဘယ်သူမှအဝင်မခံတော့ဘူး။

" ဘော့စ် မင်းရဲ့ စိတ် ကို ထိန်းပါဦး" စန်းရှောင်က အပူအာရုံခံတဲ့ faucet ရေပိုက်ခေါင်း ကို ညွန်ပြလိုက်တယ်။ ရေတွေက faucet ရေပိုက်ခေါင်း ကနေပြီးတော့ ဖြာထွက်လာတယ်။

(T/N: မီးလောင်ရင် အချို့ အဆောက်ဦး တွေမှာ အရေးပေါ်အတွက် မျက်နှာကျက်မှာ emergency မီးသတ်ဖို့ အတွက် ပိုက်လိုင်းတွေထားတက်တယ်)

ယိုကျန်းဖန်က သူ့ရဲ့ အထူးစွမ်းရည် တွေကို သူ့ပတ်ဝန်းကျင်က အရာတွေ ဆီ မသက်ရောက်အောင်လို့ သူ့ စိတ်ကိုယ်သူ အလျင် အမြန် ထိန်းချူပ် လိုက်သည်။

ကာကွယ်သူ တွေထဲမှာ သူက အသန်မာဆုံး အထူးစွမ်းရည်ရှိတဲ့သူ တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ စွမ်းရည် တွေကို ထိန်းချုပ်ဖို့လည်း ခက်ခဲလှသည်။ သူ့ရဲ့ စိတ်ခံစားချက်တွေ တည်ငြိမ်ဖို့နဲ့ စွမ်းရည်ကို ထိန်းချုပ်ဖို့ သူ့ရဲ့ အထူးလေ့ကျင့်မှု ပြီးတာနဲ့ ယိုကျန်းဖန် က ပြင်းထန်တဲ့ အားကစားမျိုးစုံ​တွေကို ပါဝင်ကစားခဲ့သည်။

Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draftWhere stories live. Discover now