Ch 4

337 67 5
                                    

Unicode

ယွီဟွား နဲ့ တွေ့ဆုံပြီး နောက်ပိုင်း ယိုကျန်းဖန် စွမ်းရည် တွေကို ပိုမို ထိန်းချုပ်လာနိုင် ခဲ့သည်။ မြေအောက်လေ့ကျင့်ရေး အခန်း တစ်ခုလုံးဖျက်စီးပစ်ရာမှ ယခု စားပွဲခုံများကိုသာ ဖျက်စီးပစ်တော့သည်အထိ တိုးတက်အောင်မြင်လာခဲ့သည်။

သူတို့ လက်ထက်ပြီးနောက် နောက်လိုက်ညီကိုများက ရံဖန်ရန်ခါ ကပ်စားဖို့ ယိုကျန်းဖန်အိမ်ကို ရောက်ချလာတက်သည်။ အဲ့ဒါကြောင့် စန်းရှောင်က သူတို့စတွဲနေတုန်းကပင် ယိုကျန်းဖန် စွမ်းရည် တွေကို ထိန်းချုပ်ဖို့ ဘာလို့ အသည်းသန်ကြိုးစား ခဲ့လဲ ဆိုတာကို နားလည်သည်။

ယွီဟွား လူတွေကို ငြိမ်းချမ်းမှုပေးစွမ်းနိုင်သည်။ စန်းရှောင် သူနဲ့ နှစ်မီတာ အကွာလောက်မှာ ရောက်နေရင်တောင် သူအဲ့ အချိန်လေးရဲ့ တည်ငြိမ်အေးချမ်းမှုကို ခံစားရသည်။ ယိုကျန်းဖန်ရဲ့ အိမ်ကို ကပ်စားဖို့သွားတဲ့ နောက်လိုက်ညီကိုတိုင်း ယွီဟွား ဟင်းချက်ကောင်းတာကို သိကြသည်။

ဒါပေမဲ့ စန်းရှောင်ကတော့ အဲ့တာ ယွီဟွားဟင်းချက်ကောင်းတာကြောင့်လို့မထင်ဘူး။ ဘာလို့ဆို သူက ယိုကျန်းဖန်အတွက် ခိုနားလေးတစ်ခု ဖြစ်နေလို့ပါပဲ။

ယွီဟွားက ဘယ်သူတွေကဘာကြိုက်လဲ သူတို့ဘာ စိတ်ဝင်စားလဲ ဆိုတာ ဂရုစိုက်လေ့လာပြီး သင့်တော်တဲ့ အစားစာ နဲ့ အားလုံးအနားယူရအောင် သက်တောင့်သက်တာဖြစ်တဲ့ ဝန်းကျင် ဖြစ်အောင် ပြင်ဆင်ပေးလေ့ရှိသည်။

သူတို့ အကြိုက်ဆုံး အစားစာတွေကို သူတို့စားလို့ရတယ်။သူတို့ ဗိုက်ပြည့်သွားရင် ဧည့်ခန်းထဲမှာ ကစားကြတယ်။ ထိုအချိန်မှာ ယွီဟွားက တီဗီကိုဖွင့်ကာ သတင်းများ ၊ ငါးဖမ်းသမားတွေရဲ့ မိုးလေဝသခန့်မှန်းချက်ကို နားထောင်ရင်း ပန်းကန်ဆေးကြောနေ တက်တယ်။

ငြိမ်းချမ်းမှုဟာ သူတို့ရဲ့စိတ်ဝိဉာဉ်တစ်ခုချင်းဆီကို ပျံနှံသွားသည်။ သူတို့ ရဲ့ ခန္ဓာစိတ်ဝိဉာဉ် ဘက်ထရီ ဒေါင်းသွားတဲ့ အခါတိုင်း ယိုကျန်းဖန် အိမ်မှာကပ်စားဖို့ သွားကြသည်။ တစ်နပ်လောက် စားပြီး နောက်နေ့မှာတော့ သူတို့ စိတ်သစ်လူသစ် ပြန်ဖြစ်သွားသည်။

Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draftWhere stories live. Discover now