Unicode
နောက်တစ်နေ့မနက် အစမှာတော့ ခန့်ချော ကာကွယ်သူဦးလေးကြီးဟာ ကျန်းလီကို သူ၏နေရာလွတ်ထဲ တဖန်ပစ်ထည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ နှင့် ရုယွမ်ခရိုင် လူသူကင်းရှင်းသော ပန်းခြံထဲတွင်ထုတ် ထားခဲ့ကာ လှည့်လာခဲ့သည်။
ကျန်းလီလည်း ပန်းခြံကို နှစ်ပတ်လောက် ပတ်ကြည့်လိုက်ကာ အနီးနားတွင် မနက်ခင်းလမ်းလျှောက်နေသော အသက်ကြီးကြီး အမျိုးသားနဲ့ အမျိုးသမီးကိုတွေ့လိုက်ပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။ သူ့ကိုဒီလိုပဲ ပြန်လွှတ်လိုက်ကြတာလား?
သူတို့ဘာလို့လွှတ်လိုက်ကြတာလဲ? ကျန်းလီ ဘာတစ်ခုမှနားမလည်နိုင်တော့ပါ။
အမှန်တိုင်းပြောရလျှင် ကျန်းလီက သူ၏ ဥာဏ်ရည် သည် မုန်ကနေတဆင့်မက်ဆေ့ချ်ပေးပို့သော ဆရာကြီး နဲ့မယှဥ◌် နိုင်ကြောင်းခံစားမိသည်။ ဆရာကြီး ဘယ်လိုလုပ်ခဲ့တာလဲဆိုတာကို သူနားမလည်နိုင်ခဲ့ချေ။
အဲ့တာကြောင့် ပန်းခြံထဲတွင် ကျန်းလီက တိုးတိတ်စွာဖြင့် "ဆာ, ကြီးမြတ်တဲ့ ဆရာ, စီနီယာ? ရှိသေးလားဟင် ?ကျွန်တော်ဘာဆက်လုပ်ရမလဲဟင်?"
ခနလောက် ကြာအောင် သူဟာ သူခိုးတစ်ယောက်ကဲ့သို့ ဆက်ခေါ်နေခဲ့သည်။
ငှက်တစ်ကောင်နဲ့အတူ လမ်းလျှောက်ထွက်တဲ့ ရိုးရာဝတ်စုံဝတ်ဆင်ထားသော အသက်ကြီးကြီး အမျိုးသားတစ်ယောက်သည် ကျန်းလီကို ဘေးနားကနေ တိတ်တိတ်လေးရပ်ကြည့်နေသည်။
ကျန်းလီ"...""အဟမ်း.. ကျွန်တော်စကားပြော လေ့.. လေ့ကျင့်နေတာ"
အသက်ကြီးကြီး အမျိုးသား ဟာ ပြုံးလိုက်ပြီး " မင်းလို စောစောထလေ့ရှိတဲ့ လူရွယ်တွေ သိပ်မရှိဘူးကွ"
ထိုအမျိုးသား နှင့်အတူပါလာသော ကြက်တူရွေးက အတောင်ကို တဖြတ်ဖြတ်ခတ်ကာ ကျယ်လောင်စွာအော်မြည်လိုက်သည်။ " ဆရာကြီး ရှိသေးလား? ဆရာကြီး ရှိသေးလား?"
ကျန်းလီ အသက်အောင့်မိလိုက်သည်။ သူတိုးတိုးလေးပြောတာကို ဒီကြက်တူရွေးက ဘယ်လိုကြားသွားရတာလဲ?
သူ့မျက်နှာအမူရာမှာတောင့်တင်းသွားပြီး သူ့အိတ်ကပ်ထဲမှ ကြိုးပျောက် နားကြပ်ကိုယူလိုက်ကာ နားထဲသို့ ထည့်လိုက်သည်။ "ဆရာကြီး ၊ ကြီးမြတ်လှတဲ့ ဆရာသမားရေ ရှိသေးလားလို့? အိပ်ပျော်နေပြီလားဟင်? ကျွန်တော်ဘာဆက်လုပ်ရမလဲဟင်?"
YOU ARE READING
Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draft
Romanceတစ်နေ့တော့ ယိုကျန်းဖန်ဟာ ကမ္ဘာကြီးကို ဖျက်စီးပစ်ဖို့ လုံလောက်တဲ့စွမ်းအားဟာ သူ့အိမ်မှာ ပေါ်လာတယ်ဆိုတဲ့ သတိပေးချက် ကို လက်ခံ ရရှိခဲ့တယ်။ သာမာန်လူတစ်ယောက်ဖြစ်တဲ့ ယွီဟွား တစ်ခုခုဖြစ်မှာကို စိုးရိမ်ပြီး ယိုကျန်းဖန်တစ်ယောက် သူ့ အဖွဲ့အတူ အိမ်ကိုအမြန်သွားခဲ...