Unicode
"ငါ ဘယ်လို လုပ်ရမလဲ ပြောကြပါဦး?" ယိုကျန်းဖန် အလုပ် ရောက် ကတည်းက သူ့လက်အောက်က ညီကို တွေကို အတင်းဆွဲခေါ်ပြီး ပြောနေတာ မပြီးတော့ဘူး ။ ယွီဟွားအလုပ်ပြုတ်တာ ကနေ စပြီး ဒီမနက် သူ မနက်ခင်း အနမ်း မရတဲ့ အထိ ဖြစ်သမျှ အကြောင်း အကုန်လုံး ကို ပြောပြတယ် ။ နောက်ဆုံးတော့ သူတို့ ကို အကူညီတောင်းတော့တယ်။
ယိုကျန်းဖန် ရဲ့ နံပါတ်တစ် ညီငယ်လေး စန်းရှောင် က သန်းလိုက်တယ်။ သူ ထောင့်မှာထားတဲ့ အချိုရည်ဘူး ဘုံးထဲက ကိုလာကို ယူ၍ သူ ဂလု ဂလု ဂလု နဲ့ ဘူးတစ်ဝက်လောက်ကို အသက် တစ်ရှိုက်စာ အတွင်းသောက်ပစ်လိုက်ပြီး လေတက် ပြီးနောက်သူ ဖြေးညှင်းစွာ ပြောလိုက်တယ် " သူ အလုပ် ရှာတာကိုပဲ တစ်ရက် နှစ်ရက်လောက် စောင့်လိုက်စမ်းပါဟ"
"ဟုတ်တယ်.. အဲ့တာ ဟုတ်တယ်..." ဆိုပြီး ညီငယ် ရှီယောင်ဖူ က မကျေမနပ် ခေါင်းငြိတ့်ပြလိုက်တယ်။
" ဘာပဲဖြစ်ဖြစ် မင်းတို့က အိပ်ရာမဝင်ခင် လေ့ကျင့်ခန်းလုပ်တဲ့သူတွေပဲမလား မအိပ်ခင် နည်းနည်း ကြံလိုက်ပေါ့ပြီးတော့ မင်းအိမ်ပြန်ရောက်ရင် ဒီတိုင်း ညနေခင်း အနမ်းလေး ပေးဖို့ပြောလိုက် ""မင်းတို့က ငါ့ဘော်ဒါတွေ ရော ဟုတ်ရဲ့လား?" ယိုကျန်းဖန် စိတ်တိုတိုနဲ့ ခုံကို ရိုက်ခွဲလိုက်သည်။
"ငါ့ဘဝကြီးက လုံးဝကို အကြပ်အတည်းထဲ ရောက်နေပြီ"ညီငယ်အကုန်လုံးက စန်းရှောင်ကို တက်ညီလက်ညီ ကြည့်လိုက်တယ်။ သူတို့က စန်းရှောင် ကိုမျက်လုံးနဲ့ ယိုကျန်းဖန်ကို ဖြောင်းဖျ ဖို့ အချက်ပြလိုက်တယ်။
စန်းရှောင် က ကျန်တဲ့ ကိုလာ တစ်ဝက်ကို သောက်ပစ်လိုက်တယ်။ ကိုလာရဲ့ လှုံဆော်ပေးတဲ့ အရသာက သူ့ဦးနှောက် ကို ရှင်းပေးတယ်။ သူ ကိုလာဘူးကို အမှိုက်ပစ်တဲ့ထဲ ပစ်ထည့်လိုက်ပြီး " အရင်ဆုံး အားကိုသာ ထိန်းချုပ်စမ်းပါ ...အရင်က ခုံတစ်လုံး ဘယ်လို ပျက်စီးသွားလဲ မမှတ်မိဘူးလား? "
ယိုကျန်းဖန်က စိတ် အနှောက်ယှက်ပေးတဲ့ လူဖြစ်ပြီး ဟန်ဆောင်ပန်ဆောင်လည်းလုပ်သေးတယ်။ သူစင်ဂယ် ဖြစ်နေတုန်းကတော့ အဆင်ပြေတယ် ။ သူက အလွယ်တစ်ကူ မ ပေါက်ကွဲ တက် ဘူး ။ ဒါပေမဲ့ ယွီဟွားနဲ့တွေ့ပြီး နောက်ပိုင်း မှာ သူ နေ့တိုင်း ပေါက်ကွဲလာတယ်။ ယွီဟွားသူ့အတွက် ဟင်းချက်တာက စလို့ ယွီဟွားမှာ အရမ်း အရမ်းကောင်းတဲ့ ပုံ...အဟွတ် အဟွတ်..ငါတို့ အဲ့တစ်ခု ပြောလို့မဖြစ်ဘူး။ ဘယ်ကိစ္စမဆို ဘာပဲဖြစ်ဖြစ် ယိုကျန်းဖင်က မထိန်းချုပ်ပဲ သူ့နားမှာ ရှိတဲ့ စားပွဲ တွေ ကုလားထိုင်တွေ ကိုဖျက်စီးပစ်တာ။
أنت تقرأ
Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draft
عاطفيةတစ်နေ့တော့ ယိုကျန်းဖန်ဟာ ကမ္ဘာကြီးကို ဖျက်စီးပစ်ဖို့ လုံလောက်တဲ့စွမ်းအားဟာ သူ့အိမ်မှာ ပေါ်လာတယ်ဆိုတဲ့ သတိပေးချက် ကို လက်ခံ ရရှိခဲ့တယ်။ သာမာန်လူတစ်ယောက်ဖြစ်တဲ့ ယွီဟွား တစ်ခုခုဖြစ်မှာကို စိုးရိမ်ပြီး ယိုကျန်းဖန်တစ်ယောက် သူ့ အဖွဲ့အတူ အိမ်ကိုအမြန်သွားခဲ...