Unicode
"အိုး..." ယိုကျန်းဖန် နောက်မှာထိုင်နေတဲ့ ကျန်းလီက သက်ပြင်း ချလိုက်သည်။
ကျန်းလီက ဖုန်းထုတ်လိုက်ပြီး မစ်ရှင်ကြလာတဲ့ ဘောက်စ် ကို ဖွင့်လိုက်သည်: ပိတ်ထားတဲ့ ကမ္ဘာမှာ ၁၅နှစ်ကြာ ပုန်းအောင်းနေတဲ့ final boss ကိုရှာပြီး သတ်ပါ၊ အောင်နိုင်သူသည် နောက်ထပ် ရှင်သန်သူ ဖြစ်လာလိမ့်မည်၊ ဂိမ်းထဲတွင်ရရှိသော စွမ်းအားနှင့် အိုက်တမ်များကို အစစ်မှန်ကမ္ဘာသို့ ယူဆောင်သွားနိုင်ပြီး ဆန္ဒ တစ်ခုကို ဖြည့်ဆည်းပေးမည်။
အဲ့တာက system အရင်ရက်ပိုင်းလောက်က ရုတ်တရက် ချပေးလာတဲ့ hidden mission တစ်ခု။ shortcut mission လို့လည်းခေါ်သည်။
system ရဲ့ တိကျတဲ့စည်းမျဥ်းအရ အသုံးမဝင်တဲ့သူတွေကို ရှင်းပစ်ချင်တာပဲ။
ဆရာကြီးတစ်ယောက်က ဂိမ်းကို ပြီးဆုံးအောင် ကမ္ဘာ အရေတွက် တစ်ရာကို ဖြတ်သန်းရမယ်လို့ တွက်ချက်ခဲ့ဖူးသည်။
ပြီးတော့ ကမ္ဘာတစ်ခု ချင်းစီရဲ့ ခက်ခဲမှု အဆင့်လည်း သေစေနိုင်တဲ့ အန္တရာယ်တွေနဲ့အတူ တဖြည်းဖြည်း မြင့်တယ်လာသည်။ အကုန်လုံးရှင်းပြီးသွားရင်တောင် မင်းက လူတစ်ယောက် မဟုတ်တော့ဘဲ စိတ်ခံစားချက်တွေ မရှိတဲ့ စက်ကိရိယာ ဖြစ်လာလိမ့်မည်။
သမိုင်းတစ်လျောက် လွန်ခဲ့တဲ့ ၁၅ နှစ်က လူတစ်ဦးက ပဲ အကုန်လုံးရှင်းပြီးဆုံးအောင်လုပ်ခဲ့သည်။ ကမ္ဘာတစ်ရာလုံးငိုအောင် အောင်အောင်မြင်မြင် ကျော်ဖြတ်ပြီးနောက် အဲ့ပုဂ္ဂိုလ် ပျောက်ကွယ်သွားသည်။
အချို့ကတော့ သူ့စွမ်းအားတွေက နတ်ဘုရားရဲ့ စွမ်းအား နားတောင်ရောက်နေပြီတဲ့။ သူ အုပ်ချုပ်သူ နတ်ဘုရားကို သုတ်သင်ပြီး ဖန်တီးခြင်းရဲ့ အုပ်ချုပ်သူ အသစ်ဖြစ်လာတာနေမှာ။
ကျန်းလီက အဲ့တာကို နားမလည်ဘူး။ System ရဲ့ နှိပ်စက်ညှင်းပန်းမှုကို နှစ်ရာပေါင်းများစွာခံခဲ့ရတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် အုပ်ချုပ်သူ နတ်ဘုရား အသစ် ဖြစ်ဖို့ ရွေးချယ်ပြီး သူ့လိုမျိုးနောက်ထပ်သူတွေကို နှိပ်စက်ညှင်းပန်းမှာလဲ?
YOU ARE READING
Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draft
Romanceတစ်နေ့တော့ ယိုကျန်းဖန်ဟာ ကမ္ဘာကြီးကို ဖျက်စီးပစ်ဖို့ လုံလောက်တဲ့စွမ်းအားဟာ သူ့အိမ်မှာ ပေါ်လာတယ်ဆိုတဲ့ သတိပေးချက် ကို လက်ခံ ရရှိခဲ့တယ်။ သာမာန်လူတစ်ယောက်ဖြစ်တဲ့ ယွီဟွား တစ်ခုခုဖြစ်မှာကို စိုးရိမ်ပြီး ယိုကျန်းဖန်တစ်ယောက် သူ့ အဖွဲ့အတူ အိမ်ကိုအမြန်သွားခဲ...