Ch8

267 55 4
                                    

Unicode

ယွီဟွား ဖုန်းကို ခဏလောက်စိုက်ကြည့်နေလိုက်သည်။ သူ့စိတ်ထဲ ဘာမှမခံစားလိုက်ရဘူး။

အရင်လိုပဲ ယိုကျန်းဖန်ရဲ့ ဇွန်းခွက်ယောက်တွေကို သူထိုင်နေကျ နေရာမှာ ထားလိုက်ပြီး ယိုကျန်းဖန် သူ့ဘေးမှာ ရှိနေသကဲ့သို့ ညစာကို ကျေနပ်ရောင့်ရဲစွာ စားသုံးလိုက်သည်။ 

သူ့ရဲ့ ညစာကို စားပြီးတဲ့နောက်မှာတေည် ယွီဟွားက ယိုကျန်းဖန် ထိုင်ခုံ ကိုသွားပြီး သူ့ယောက်ကျားရဲ့ ညစာကိုလည်း စားလိုက်သည်။

လူနှစ်ယောက်စာ ညစာကိုစားသောက်ပြီးတဲ့ နောက်မှာတော့ ယွီဟွားဟာ ယိုကျန်းဖန်ရဲ့ ထိုင်ခုံ မှာထိုင်ရင်း သူ့ရဲ့ နှစ်ပေါင်းထောင်ချီနေတဲ့ အထီးကျန်မှုကိုပြန်လည် အမှတ်ရလိုက်မိသည်။

သူ့ညစာကို စားသောက်ပြီးနောက် ယွီဟွား သူ့ရှေ့က လွတ်နေတဲ့ထိုင်ခုံကို ကြည့်လိုက်ပြီးအထီးကျန်မှုကို ခံစားလိုက်ရသည်။ သူ ယိုကျန်းဖန် ထိုင်ခုံကို သွားလိုက်ပြီး သူတို့နှစ်ယောက်လုံးရှိနေသကဲ့သို့ ခံစားရအောင် စိတ်ကူးယဥ်လိုက်ချင်သော်လည်း သူထိုင်လိုက်တဲ့ အခိုက်တန့်မှာဘဲ သူ့ကိုယ်ပိုင်ထိုင်ခုံနေရာ လွတ်နေတာကိုတွေ့လိုက်ပြီး ပို၍ပင် အထီးကျန်လာတော့သည်။

သူ တီဗီကို ဖွင့်လိုက်သည်။ သတင်းကြေညာသံ နှင့် ကြွေပန်းကန်လုံးများကို ကိုင်တွယ်ခြင်းမှ ညင်သာစွာ ထွက်ပေါ်လာသော အသံသည် အခန်းတွင်းမှ ပဲ့တင်သံ ထွက်လာသည်။

ထွက်ပေါ်လာသော နောက်ခံအသံများမှအပ အခန်းတွင်း မည့်သည့်အရာမှ သက်ဝင်နေခြင်းရှိပုံမရပေ။

သတင်းကြေညာခြင်းအစီစဉ် ပြီးဆုံးပြီးနောက် မိုးလေဝသခန့်မှန်းကြတဲ့ ငါးဖမ်းသမားတွေရဲ့ သီချင်း ဟာ ရေသံသဲ့သဲ့နဲ့ အတူစတင် လာခဲ့သည်။ ယွီဟွား ပန်းကန်များကို အေးဆေးစွာ ဆေးနေ၏။

ယွီဟွားသည် မိုးလေဝသခန့်မှန်းကြတဲ့ ငါးဖမ်းသမားတွေရဲ့ နောက်ခံတေးကိုကြိုက်နှစ်သက်သည်။ အဲ့တေးသွားက သူ့ကို စိတ်အေးကာ ကျေနပ်ရောင့်ရဲ့တဲ့ ခံစားချက်မျိုး ပေးစွမ်းသည်။

Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draftWhere stories live. Discover now