Ch7

343 55 13
                                    

Unicode

ကျန်းလီနဲ့ ယိုကျန်းဖန်တို့ ဟာ basketballသုံးလုံး ကို တစ်ကြိမ်ထဲနှင့် ဝင်အောင်ပစ်သွင်း နိုင်သောကြောင့် လူနည်းစုလောက်က မာစတာ နှစ်ယောက် ပစ်သွင်းတာကိုကြည့်ရန်အတွက် basketball ကစားတဲ့ ဧရိယာသို့ ရောက်ရှိလာကြသည်။

သူတို့နှစ်ယောက်လုံး ငါးလုံးစလုံး ဝင်အောင်ပစ်နိုင်တဲ့ အခါမှာတော့ ကမ္ဘာ့ basketball ပစ်တဲ့ ချန်ပီယံရှစ် ကို ကြည့်သလိုမျိုး ပရိတ်သတ်အများကြီး ရှိနေပြီ ဖြစ်သည်။

တချို့ဆို ဖုန်းတွေနှင့် မှတ်တမ်းတင် လုပ်ကာ အွန်လိုင်းပေါ်သို့ တင်နေကြသည်။

 မှတ်တမ်းထဲတွင် တောက်ပတဲ့ အစိမ်းရောင်ဂျာကင်နဲ့ ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးက ပြီးပြည့်စုံတဲ့ ရုပ်ရည်ပိုင်ဆိုင်ထားပြီး မျက်နှာက အချိန်ရဲ့ စီးဆင်းမှု ကို ပြနေတဲ့ ခန့်ချော  အန်ကယ်နဲ့ basketball ပြိုင်ပွဲဝင်နေသည်။ လူနှစ်ယောက်၏ ဆွဲဆောင်မှု သက်ရောက်မှုနှင့် နည်းစနစ်များက ပထမတန်းစား ပင်ဖြစ်သည်။ မုတ်တမ်းကို လိုင်းပေါ်တင်လိုက်သည်နှင့် တပြိုင်နက် လူများက အဆက်မပြတ် မရေမတွက်နိုင်အောင် ပြန်တင်ကြတော့တော့သည်။

မှတ်တမ်းထဲ ရှိ လူနှစ်ယောက် တခါတရံမှာ ပုံရိပ်တစ်ခု ပေါ်လာတက်သည်။ အဲ့လူရဲ့ ဆွဲဆောင်မှုနဲ့ ရုပ်အသွင် က အခြား နှစ်ယောက်ထက် ဘယ်လိုမှ အောက်မကျပေမဲ့ သူ့ရဲ့ ပစ်သွင်းတဲ့ နည်းစနစ်က အရမ်းကြောက်ဖို့ကောင်းလွန်းသည်။

စူးရှတဲ့ မျက်လုံး တွေပိုင်ဆိုင်တဲ့ netizens တွေက အဲ့ လူကို ရှာတွေ့သွားကြသည်_စစ

[ ငါက အစတုန်းက ကြီးမြတ်တဲ့ မာစတာနှစ်ယောက်ရဲ့ ရုပ်ရည်...အဟမ်း..မာစတာနှစ်ယောက်ရဲ့ နည်းစနစ် ကိုကြည့်ရင်း ငါဒူးထောက် အရှုံးပေးတော့မယ့် အချိန်မှာ မှတ်တမ်းရဲ့ ထောင့်နားမှာ အဲ့ လူကိုတွေ့လိုက်ပြီး ငါ မတ်တပ်ပြန်ရပ်လိုက်ရတယ် ငါ မာစတာ နှစ်ယောက်ကို မယုဥ်နိုင်ရင်နေမယ် ငါက အဲ့ဘေးနားက ထက်ပိုတော်တယ်]

[သူတို့သုံးယောက်လုံး တစ်တန်းထဲ မတ်တပ်ရပ်နေကြတာ... ဘယ်လိုသွင်းသွင်း မဝင်တဲ့ တစ်ယောက်ကို ငါမေးပါရစေ..သူ့ကို နတ်ဘုရားနှစ်ယောက်နဲ့ ပြိုင်ဖို့ ဘာက သတ္တိတွေ ပေးလိုက်တာလဲလို့?  ]

Mr.ယိုယွီက ငြိမ်းချမ်းတဲ့ဘဝလေးမှာ နေထိုင်ချင်တယ်[မြန်မာဘာသာပြန်] draftWhere stories live. Discover now