[UNICODE]
မြောက်ပိုင်းစစ်သူကြီးသည် အမျက်ထွက်လွယ်ကာ ရက်စက်ကြမ်းကြုတ်၏။ ဤသို့ ဆိုစမှတ်ပြုကြပေ၏။ သူ၏လက်တွင်းသေဆုံးသွားရသူများသည် ရေတွက်ဖို့ရန်အတွက် များလွန်းလှ၍။ အလျင်ဘ၀၌ အန်းချန်ချင်းသည် ကောလဟာလများကိုယုံကာ ကြောက်လန့်ကာနေခဲ့သည်။ အနီးကပ်ကြည့်ရှူရန်ပင် ဘယ်သောအခါကမှ မ၀ံ့ရဲခဲ့ပါချေ။ သေဆုံးသွားသည့်အခါမှသာလျှင် ထိုသူဟာ သူ၏ကြင်နာခြင်း ၊ ယုယခြင်းများအလုံးစုံကို သူ့အားပေးအပ်ခဲ့သည် ဟူ၍သိလိုက်ရပေသည်။
သူတို့နှစ်ဦးသား၏မင်္ဂလာဦးညသို့ ပြန်လည်ရောက်ရှိသွားသည့်အခါ အန်းချန်ချင်းတစ်ယောက် ကြောက်မက်စဖွယ်ကောင်းနေသည့်လူကြီးကိုကြည့်လိုက်ပြီး လက်ဦးမှုယူကာ နှုတ်ခမ်းထက်အနမ်းခြွေလိုက်တော့သည်။
လူကြီး၏မျက်ခုံးများသည် တွန့်ချိုးသွားလေသည်။ မေးစေ့လေးကို လက်မနှင့်လက်ညှိုးသုံး၍ ညင်ညင်သာသာဆွဲဖိကာ _
"ကိုယ့်ကို မကြောက်ဘူးလား"
အန်းချန်ချင်းသည်ကား အမျိုးသား၏လည်တိုင်ကိုဖက်လိုက်ကာ ချိုအီစွာပြုံးပြနေလေသည်။
"ခင်ဗျားကို မကြောက်ပါဘူး။ နာကျင်ရမှာကိုပဲ ကျွန်တော်ကကြောက်တာ"
ပြီးနောက် အနှီအမျိုးသားသည် ဘယ်တုန်းအခါကမှ သူ့အား မည်သည့်နာကျင်မှုကိုမျှ ခံစားစေလိုချင်ခြင်းမဟုတ်ပေ။
▪️▪️▪️
[ZAWGYI]
ေျမာက္ပိုင္းစစ္သူႀကီးသည္ အမ်က္ထြက္လြယ္ကာ ရက္စက္ၾကမ္းၾကဳတ္၏။ ဤသို႔ ဆိုစမွတ္ျပဳၾကေပ၏။ သူ၏လက္တြင္းေသဆုံးသြားရသူမ်ားသည္ ေရတြက္ဖို႔ရန္အတြက္ မ်ားလြန္းလွ၍။ အလ်င္ဘ၀၌ အန္းခ်န္ခ်င္းသည္ ေကာလဟာလမ်ားကိုယုံကာ ေၾကာက္လန႔္ကာေနခဲ့သည္။ အနီးကပ္ၾကည့္ရႉရန္ပင္ ဘယ္ေသာအခါကမွ မ၀ံ့ရဲခဲ့ပါေခ်။ ေသဆုံးသြားသည့္အခါမွသာလွ်င္ ထိုသူဟာ သူ၏ၾကင္နာျခင္း ၊ ယုယျခင္းမ်ားအလုံးစုံကို သူ႕အားေပးအပ္ခဲ့သည္ ဟူ၍သိလိုက္ရေပသည္။
သူတို႔ႏွစ္ဦးသား၏မဂၤလာဦးညသို႔ ျပန္လည္ေရာက္ရွိသြားသည့္အခါ အန္းခ်န္ခ်င္းတစ္ေယာက္ ေၾကာက္မက္စဖြယ္ေကာင္းေနသည့္လူႀကီးကိုၾကည့္လိုက္ၿပီး လက္ဦးမႈယူကာ ႏႈတ္ခမ္းထက္အနမ္းေႁခြလိုက္ေတာ့သည္။
လူႀကီး၏မ်က္ခုံးမ်ားသည္ တြန႔္ခ်ိဳးသြားေလသည္။ ေမးေစ့ေလးကို လက္မႏွင့္လက္ညွိုးသုံး၍ ညင္ညင္သာသာဆြဲဖိကာ _
"ကိုယ့္ကို မေၾကာက္ဘူးလား"
အန္းခ်န္ခ်င္းသည္ကား အမ်ိဳးသား၏လည္တိုင္ကိုဖက္လိုက္ကာ ခ်ိဳအီစြာၿပဳံးျပေနေလသည္။
"ခင္ဗ်ားကို မေၾကာက္ပါဘူး။ နာက်င္ရမွာကိုပဲ ကြၽန္ေတာ္ကေၾကာက္တာ"
ၿပီးေနာက္ အႏွီအမ်ိဳးသားသည္ ဘယ္တုန္းအခါကမွ သူ႕အား မည္သည့္နာက်င္မႈကိုမွ် ခံစားေစလိုခ်င္ျခင္းမဟုတ္ေပ။
▪️▪️▪️
YOU ARE READING
စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗
RomanceTitle - THE TYRANT'S BELOVED EMPRESS Type - WEB NOVEL Author - 绣生 / Xiu Sheng Original Publisher - JJWXC Total Chapters - 135 CHAPTERS + 3 EXTRAS Genre - HISTORICA...