အပိုင်း[၄]

2.5K 458 37
                                    

- UNICODE -

[အပိုင်း ၄]

ဝမ်အိမ်တော်ထိန်းလက်ထဲ ဆီးသီးပွင့်မုန့်များထည့်ခဲ့ပြီးနောက် ရှောင်းကျီကောတစ်ယောက် စာကြည့်ဆောင်သို့သွားတော့သည်။ ၎င်းသည် ပင်မခြံဝန်း၏ အရှေ့ဝောာင်ထောင့်ရှိအခန်းဖြစ်ပြီး ပင်မခန်းဆောင်နှင့်ညာဘက်ဆန့်ကျင်ဘက်တည့်တည့်အရပ်တွင်တည်၏။

ညနေစောစောပိုင်းဖြစ်၍ ကောင်းကင်ယံသည် လင်းနေသေးသည်မှာ ပင်မခန်းဆောင်ရှေ့အစေခံတစ်ဦးဒူးထောက်‌နေခြင်းကိုမြင်နိုင်ရကာ သူ(မ)၏ငိုသံကို ရှောင်းကျီကောကြားလိုက်ရသည်ပင်။ ယင်းကား ဝမ်‌အိမ်တော်ထိန်းပြောသည့် အန်းချန်ချင်းကိုစိတ်‌ဆိုးအောင်ပြုမူလိုက်သောသူဖြစ်ရမည်။

ရှောင်းကျီကောမှာ သူ(မ)နှင့်ပတ်သက်၍ခံစားချက်များများစားစားမရှိချေ။ သူသည် နှစ်‌ပေါင်းများစွာ ယန့်ကျိုး၌တာဝန်ကျနေခြင်းဖြစ်ရာ ယဲ့ကျင်းကိုပြန်လာခဲ၏။ သူကား ယဲ့ကျင်းသို့ပြန်လည်အခေါ်ခံရလျှင်ပင် သူ၏အချိန်အများစုကို စစ်တန်းလျား၌ကုန်ဆုံးစေပါသည်။ ဝမ်အိမ်တော်၏ကိစ္စအဝဝကို ဝမ်အိမ်တော်ထိန်းနှင့် လက်လွှတ်ထားဖြစ်၏။ ဤအိမ်တော်ရှိလူတိုင်း၏မျက်နှာများကိုပင်လျှင် သူကိုယ်၌က မမှတ်မိချေ။

အမှန်တကယ်တွင် အန်းချန်ချင်းတစ်ယောက် အနှီအစေခံကို မည်သို့ဘယ်ပုံဖြေရှင်းမည်လဲ ဟူသည်ကို ရှောင်းကျီကောပိုကာစိတ်ဝင်စားနေသည်။

ရှောင်းကျီကော သူ့လူများ၏စုဆောင်းရမိသတင်းများအရ အန်းချန်ချင်းနှင့်ညီမဖြစ်သူအန်းရှန်ယွိတို့နှစ်ဦးစလုံးသည် အမေ၏နူးညံ့သိမ်မွေ့သောစိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားကြသည်ဖြစ်၍ ရှန်းအိမ်တော်၏ ခယောင်းခင်းသောပတ်ဝန်းကျင်တွင် လွန်စွာမှခက်ခဲစွာရှင်သန်ကြရသည်ဟုသိရ၏။ အစေခံများပင်လျှင် သူတို့ကို ပြောင်ပြောင်တင်းတင်း သဘောရှိအနိုင်ကျင့်ဗိုလ်ကျတတ်ကြလေသည်။ ထို့ကြောင့်သာမဟုတ်ပါလျှင် ရှောင်းကျီကောသည် သူလေးအား ဝမ်အိမ်တော်သို့ပြန်လည်ခေါ်ဆောင်ခဲ့မည်မဟုတ်ပေ။ အနည်းဆုံးတော့ဤနေရာတွင် သူလေးအား အေးချမ်းလုံခြုံ‌သော ပတ်ဝန်းကျင်တစ်ခုကို သူဟာ ဖြည့်တင်းပေးစွမ်းနိုင်ရာ၏။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now