အပိုင်း[၁]

4.7K 518 25
                                    

- UNICODE -

                                 [အပိုင်း ၁]

ယွမ်ရှီတတိယနှစ် ဆောင်းရာသီကနဦး‌တွင် ယဲ့ကျင်း၌ ပထမဦးသောနှင်းများကျဆင်းနေ၏။ အဖြူရောင်နှင်းမှုန်နှင်းစက်တို့သည် ငှက်တောင်မွေးတို့ မြေပြင်ထံလွင့်မျောသည့်နှယ် သွေးရည်စက်ကလေးများကို ဖုံးလွှမ်းပစ်လေသည်။ လှည်းယာဉ်တစ်စင်းသည် သက်ငြိမ်နေသောနှင်းတို့ကိုမွှေဖွကာ လမ်းမထက်အလောသုံးဆယ်သွားနေသည်။

တိတ်ဆိတ်နေသောလမ်းထက်၀ယ်၊ ယောက်ျားသားတစ်ဦး၏အသံကား အိပ်မောကျနေသည့်မြို့ကို လှုပ်နှိုးလိုက်ပေသည်။

"မြန်မြန်! မြန်မြန်သွား"

ရှောင်းကျီကောသည် လက်မောင်းတွင်း၌ အားအင်ချည့်နဲ့နေသောလူကို ပွေ့ဖက်ထားလျက် သူ၏မျက်လုံးများသည် ရဲရဲနီနေသည်။ သူသည်အသံကို ငြိမ်ငြိမ်ထား၍ ပြောလာသည်။

"မကြောက်နဲ့နော်။ ကိုယ်မင်းကို နန်းတော်ဆီပြန်ခေါ်သွားနေပြီ။ အဆင်ပြေသွားမှာနော်..."

အမျိုးသား၏အသံသည် သူ့ပွေ့ဖက်မှုအတွင်းရှိနေသောလူ‌အား ထိတ်လန့်စေမည်ကို စိုးကြောက်၍ ပျော့ပျောင်းတိုးညင်းစွာဆို၏။

သူ့လက်မောင်းတွင်း၌ရှိနေသောလူသည် ရွှေရောင်၀တ်ရုံကိုဆင်မြန်း၍ ကျောက်စိမ်းဖြူဆံထိုးကို ဆံနွယ်ပေါ်၀ယ်မြန်းထားသော လူချောကလေးဖြစ်ပေသည်။ သူသည်မျက်ခုံးတန်းရှည်နှင့် ဖီးနစ်ငှက်မျက်၀န်းများပိုင်ဆိုင်ထားသည်။ သူ့နှာတံသည် တောင်စဉ်တန်းနှယ်မတ်၍ နှုတ်ခမ်းများကား စိုစွတ်ကာပန်း‌သွေးခြယ်၏။ ဘယ်ဘက်မျက်လုံးထောင့်အောက်တွင် မျက်ရည်ခံမှဲ့သေးသေးကလေးတစ်ခုရှိကာ ရင်သပ်ရှုဖွယ်မျက်နှာလေးထံ နူးညံ့သိမ်မွေ့မှု၏ထိတွေ့မှုကို ထပ်လောင်းသွင်းပေသည်။ သူသည် နှုတ်ခမ်းမှသွေးများစက်စက်ကျလျက် အားနည်းနေသောအနေအထားမဟုတ်ခဲ့ပါလျှင် အသည်းနှလုံးများစွာကို ခုန်လှုပ်ရန်လှုံ့ဆော်လိမ့်မည်ပင်။

"အရှင်ဘုရား..."

အန်းချန်ချင်း မျက်၀န်းလွှာကိုဖွင့်ရန်ကြိုးစားစဉ် သူ၏မျက်တောင်ရှည်လေးများသည် တုန်တုန်ယင်နေကာ နှုတ်မြွက်ဆိုရန်နှုတ်ခမ်းလွှာကိုဖွင့်ဟလိုက်သည်။ သူပထမဦးဆုံးတွေ့လိုက်ရသည်မှာ ရှောင်းကျီကော၏စိုးထိတ်နေသောအကြည့်ဖြစ်လေသည်။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now