အပိုင်း[၁၁]

2K 407 25
                                    

- UNICODE -

အပိုင်း [၁၁]

သူသည် ပြန်လည်မွေးဖွားပြီးသည့်နောက်တွင် အလွန်အမင်းသံသယဝင်လာတတ်ပြီး နောက်ဆုံးဆေးခန်းမှထွက်လာခဲ့ပြီးနောက်တွင် အမေ၏‌ဆုံးပါးမှုနှင့်စပ်လျဥ်း၍ မည်သည့်ပူးပေါင်းကြံစည်မှုမျှမရှိကာ သူ(မ)သည်အမှန်တကယ်ကိုသဘာဝအကြောင်းတရားများကြောင့်သေဆုံးခဲ့ခြင်းဟူ၍ အန်းချန်ချင်းတွေးမိလုနီးပါးပင်။

သူသည် ယဲ့ကျင်းတစ်မြို့လုံးအနှံ့တွင်နာမည်ကျော်သောဆေးခန်းများကိုရောက်ပြီးဖြစ်သော်ငြား အချည်းနှီးသာပင်။ အန်းချန်ချင်း လှည်းယာဉ်ထဲတွင်ထိုင်ကာ တွေး‌ဆနေမိသည်။ အဆုံးမူ နောက်ဆုံးကြိုးစားမှုတစ်ခုလုပ်ရန်ဆုံးဖြတ်လိုက်တော့သည်။

“ယုံလဲ့လမ်းသွယ်ကိုသွားမယ်”

ယုံလဲ့လမ်းသွယ်သည် ယဲ့ကျင်းမြို့၏ချောင်ကျသောနေရာတွင်ရှိပြီး အန်းချန်ချင်းရှာနေသောဆေးခန်းသည် လမ်းကြိုလမ်းကြား၏အတွင်းအကျဆုံးအပိုင်းတွင်တည်၏။ အနှီဆေးခန်းသည် ပင်မလမ်းပေါ်ရှိဆေးခန်းများထက် များစွာသေး၍ ဆေးခန်းနာမည်ပင်မရှိချေ။ အများအားဖြင့် ဆင်းရဲသားများလာလေ့ရှိသည်။ အန်းချန်ချင်းကြားဖူးသောကောလာဟလများအရ ဤဆေးခန်းမှသမားတော်၌ ထူးဆန်းသောစိတ်နေစရိုက်ရှိသော်ငြား အလွန်တရာကျွမ်းကျင်မှုရှိပေသည်ဟု။ သူကုသပေးသမျှအားလုံးသောတို့သည် ပန်းရောင်ကျန်းမာရေးအထိ ပြန်လည်ကောင်းမွန်လာကြသည်ဟုပင်။

လှည်းဝေါယာဉ်သည် ယုံလဲ့လမ်းသွယ်ဝင်ပေါက်တည့်တည့်၌ရပ်သွား‌သည်။ လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် ယိုယွင်းပျက်စီးနေသောအိမ်များရှိပြီး လမ်းဟာကျဉ်းမြောင်းသည်။ ညနေခင်းနေသည် ထိုနေရာကိုတောက်ဖြာပေးရန် မလုံလောက်ကာ မှိုအောက်နံ့တစ်ခုသည် လေထဲတွင်ပြည့်နှက်နေ၏။

“ဝမ်ဖေး လှည်းယာဉ်က ရှေ့ဆက်သွားလို့မရတော့ပါဘူး”

အန်းဖူက ဆင်းကာ မျက်မှောင်ကြုတ်၍ဆို၏။

“ဒီနေရာမှာ ဆေးခန်းရော တကယ်ရှိရဲ့လား”

သူတို့မှအပ ဤနေရာရှိအရာအားလုံးသည် ယိုယွင်းပြီးချွတ်ခြုံကျနေဟန်တူသည်။ ဤနေရာ၌ဆေးခန်းဖွင့်သူသည် ဝမ်းစာဝင်ငွေ မည်ကဲ့သို့ရှာနိုင်မည်နည်း။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now