အပိုင်း[၆]

2.3K 416 32
                                    

- UNICODE -

[အပိုင်း ၆]

“ကျွန်တော်မှတ်မိပါသေးတယ်၊ ကောအာက လက်ထပ်လို့ရတဲ့ အသက်အရွယ်ရောက်နေပြီမဟုတ်လား။ ကလေးမဟုတ်တော့ပါဘူး”

အန်းချန်ချင်း သူ့ထက်လေးနှစ်ငယ်သော အဖေတူ၊ အမေကွဲနှမလေးကို မည်သည့်ချစ်တွယ်တာမှုမျှမပါစွာ ကြည့်လိုက်သည်။

အန်းချန်ချင်း သူဆယ်နှစ်အရွယ်တုန်းကဆောင်းဥတုကို မှတ်မိသေးသည်။ အရုပ်လေးသဖွယ် အပြစ်ကင်းစင်သော ‌အန်းရှန်ကောသည် သူ(မ)ထက်တစ်နှစ်ကြီးသောအမဖြစ်သူ၊ အန်းချန်ချင်း၏ညီမလေးအန်းရှန်ယွိကို ရေကန်ထဲသို့တွန်းချပြုချ၍ တခစ်ခစ်ရယ်မောနေခဲ့သည်ကို မှတ်မိပါသေး၏။

သူကဲ့သို့ပင်၊ အန်းရှန်ယွိသည် ငယ်စဉ်ကလေးဘ၀အရွယ်ကတည်းက အနိုင်ကျင့်ခံခဲ့ရ၍ မဝံမရဲနှင့်အားနည်းသောကိုယ်ကျင့်စရိုက်ဖြစ်‌လာခဲ့သည်။ သူတို့သည် ကောင်းကောင်းမွန်မွန်ထောက်ပံ့ကျွေးမွေးခြင်းမခံရသောကြောင့် သူ(မ)မှာ ရေကန်ထဲသို့ အားစိုက်မထုတ်ရစွာ၊သက်သက်သာသာတွန်းချလိုက်သောအငယ်ဖြစ်သူ အန်းရှန်ကောထက် ပို၍လူကောင်သေး၊ ပို၍အားဖျော့နေခဲ့လေသည်။ အန်းချန်ချင်းတစ်ယောက် ယင်းဖြစ်အင်ကို ကံကောင်းထောက်မစွာမျက်မြင်ကိုယ်တွေ့မြင်လိုက်ရ၍ ရေနစ်မွန်းလုအံ့ဆဲဆဲညီ‌မလေးကိုကယ်ဆယ်ရန် ရေထဲသို့ခုန်ဆင်း‌ခဲ့ပေဝောာ့သည်။ ထို့သို့ဖြစ်ပျက်ပြီးနောက် သူကား အပြင်းဖျားခဲ့ပြီး ထိုမှစ၍ သူ၏ခန္ဓာကိုယ်သည် အအေးဓာတ်ကိုဆန့်ကျင်လေဝောာ့သည်။

အန်းရှန်ကောအတွက်သည်တော့ အန်းကျီးခေါ့သည် သူ(မ)ကလေးဟာ ငယ်သေးသည် ဟုသာဆိုပြီး လျှော်ထား‌ခဲ့၏။

အန်းချန်ချင်း ခေါင်းကိုနှိမ့်၍ လှောင်ပြုံးလေးပြုံးလိုက်မိသည်။ သူဟာ ဤစော်ကားခံရမှုကို ငြိမ်ဆိမ်နှုတ်ဆိတ်စွာငုံ့ခံတော့မည်မဟုတ်။ ဒုတိယအကြိမ်အခွင့်အရေး ပေးအပ်ခံရသည်ဖြစ်၍ မည်သူကိုမျှ သူ့အား နင်းချေစော်ကားခွင့်ပြုတော့မည်မဟုတ်။

“ခင်ပွန်းရဲ့မိသားစုထဲဝင်ပြီးတဲ့အချိန်မှာတောင် သူ(မ)က ဒီလိုမောက်မာရိုင်းစိုင်းနေဦးမယ်ဆိုရင် မင်းမျိုးမင်းနွယ်မိသားစုကို ရိုင်းပျတဲ့ပြစ်မှုထဲ သူ(မ)ရဲ့ခင်ပွန်းဘက်ကဆွေမျိုးတွေကို ပါဝင်ပတ်သက်လာစေမှာကို ကျွန်တော်စိုးမိပါတယ်လေ”

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now