အပိုင်း[၂]

2.9K 441 52
                                    


- UNICODE -

[အပိုင်း ၂]

အခမ်းအနားဖြစ်မြောက်ပြီးနောက် ကြင်စဦးမောင်နှံကို သူတို့၏မင်္ဂလာအခန်းဆီ ပို့ဆောင်ပေသည်။

၀မ်အိမ်တော်၏ပင်မခြံ၀န်းရှိအခန်းသည် အမြဲပင် ညို့မှိုင်း၍အသက်မဲ့ခဲ့သည်။ အနည်းငယ်သောအနီရောင်ခြယ်သည့်အခန်းအလှဆင်မှုတို့သည် လစ်လပ်နေသောပျော်မြူးခြင်းခံစားချက်ကို မြှင့်တင်ဖို့ရာမစွမ်းချေ။

နှစ်ဦးသား မင်္ဂလာကုတင်ဘေးတွင်မျက်နှာချင်းဆိုင်ထိုင်နေစဉ် ရှီဖော်သည် ရှောင်းကျီကောအား ရွှေတံဖျာလေးတစ်ခုကိုကမ်းပေးလာသည်။

“၀မ်ရယ်၊ ခြုံလွှာကို လှပ်ပေးပါရှင်”

ရှောင်းကျီကော မတုံ့ပြန်ချေ။ သူသည် အတွေးထဲနစ်‌မြုပ်လျက် အရှေ့တည့်တည့်ရှိလူကို လေးလေးနက်နက်ကြည့်နေလေသည်။

‌ရှောင်းကျီကော၏တုပ်တုပ်မျှမလှုပ်ခြင်းကိုမြင်သောအခါ ရှီဖော အနေရခက်စွာခေါ်လိုက်တော့သည်။

“၀မ်ရယ်?”

ရှောင်းကျီကောတစ်ယောက် မိန်းမောနေခြင်းမှ သတိပြန်၀င်လာပြီး သူ(မ)ကိုတစ်ချက်ကြည့်လိုက်သည်။

“မင်းတို့အားလုံးထွက်သွားနိုင်ပြီ”

ရှီဖော်သည် အနှီသူ၏ဆိုးဝါးလှသောဒေါသအကြောင်းကို ကြားဖူးနား၀ရှိသည်မှာကြာချေပြီဖြစ်သည်။ မင်္ဂလာဆောင်နေ့၌ပင် သူ၏ရွှင်သာခြင်းအတိမဲ့သောမျက်နှာသည် အနာဂတ်၀မ်ဖေးလောင်းကိုမနှစ်သက်ဟုသာ အဓိပ္ပာယ်ရနိုင်ပေသည်။ သနားကြည့်ဖြင့် အန်းချန်ချင်းကိုဖျက်ခနဲကြည့်ပြီး ရွှေတံဖျာကိုချ၍ လျင်လျင်မြန်မြန်ထွက်ခွာသွားကာ တံခါးရွက်ကိုပိတ်လိုက်တော့သည်။

အခန်းထဲ၀ယ် ရှောင်းကျီကောသည်ရွှေတံဖျာကိုမသုံးစွာ ခြုံလွှာကိုပင့်လှပ်လိုက်ပြီး အန်းချန်ချင်းတစ်ယောက် မိန်းကလေးဆန်သောမိတ်ကပ်မလိမ်းခြယ်ထားသည်ကိုမြင်ရ၍ စိတ်သက်သာရာရမိတော့သည်။ ထို့နောက်သူသည် မျက်မှောင်ကြုတ်ကာပြောမည့်အရာကို စဉ်းစား‌၏။ ခဏအကြာတွင် သူသည်တစ်ခုခုကိုစဉ်းစားနိုင်ခဲ့လေသည်။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now