အပိုင်း[၉]

2.2K 422 34
                                    

- UNICODE -

[အပိုင်း ၉]

ရှောင်းကျီကောသည် အန်းချန်ချင်းကို ပုံမှန်နှုန်းထားလေးဖြင့် ဦးဆောင်ကာခေါ်သွားနေပေသည်။ အမျိုးသားသည် အရပ်ရှည်ပြီး ကိုယ်မတ်သည်မှာ နောက်ကျောပြင်ရှိ လှံထက်ထက်နှင့်ပင် များစွာသွားတူသည်။ အနှီသူ့ဘေးရပ်နေလျှင် အနှီသူမည်သည့်စကား၊မည်သည့်အပြုအမူတစ်ခုမျှ မပြုမူနေတောင်မှ အန်းချန်ချင်းကို တုနှိုင်းမဲ့သော စိတ်လုံခြုံမှုတစ်ခု ပေးစွမ်းနိုင်၏။

နောက်ထပ်ခြေနှစ်လှမ်း လှမ်းလျှောက်ပြီးနောက် အန်းချန်ချင်း မေးလာပြန်သည်။

“ကျွန်တော်ဘာလုပ်လုပ် ဝမ်ရယ်က ကျွန်တော့်ကို ကာကွယ်ပေးမှာလား”

ရှောင်းကျီကော တွေးရခက်သွားသည့်ပုံဖြင့် ကြည့်လာပြီး သေချာမှုဖြင့်ဖြေ၏။

“သေချာပေါက်ပေါ့။ မင်းက ကိုယ့်ဝမ်ဖေးလေ”

အဖြေပြုသော် အမျိုးသား၏အမူအရာသည် လေးနက်တည်ကြည်ပြီး သွယ်ဝိုက်ညွှန်းဆို‌သည့်ဟန်သဘောပါနေသည်။

အန်းချန်ချင်း ခိုးပြုံးလိုက်ပြီး အနှီသူကို မတူသောလမ်းကြောင်းတစ်ခုဆီသို့ ဆွဲခေါ်သွားလေသည်။

“မပြန်ကြသေးစို့။ ကျွန်တော့်ကို အနောက်ခြံဝန်းဆီ အဖော်ပြုပို့ပေးပါဦး”

ရှောင်းကျီကော သူလေး၏ရည်ရွယ်လိုသည်များကိုမသိသော်ငြား သူလေးနှင့်အတူ အမီလိုက်ပါလာပေသည်။

အန်းမိသားစုသည် ဝင်ပေါက်ငါးပေါက်ရှိသောအိမ်တော်တွင် နေထိုင်ကြခြင်းဖြစ်သည်။ အိမ်တော်သခင်မအိုကြီး ပင်မခြံဝန်းတွင်နေထိုင်စဉ် အကြီးဆုံးအစ်ကိုနှစ်ဦးဖြစ်သည့် အန်းကျီးခေါ့နှင့် အန်းကျီးရှိူတို့သည် အရှေ့ခြံဝန်းနှင့် အနောက်ခြံဝန်းတို့တွင် အသီးသီးနေထိုင်ကြသည်။ အနောက်ခြံဝန်းသို့ မရောက်ရှိမီ ဝရန်တာတစ်ခုကိုဖြတ်သွားရသည်၊ ထို့နောက် ပန်းဝင်ပေါက်တစ်ပေါက်ကို ဖြတ်လျှောက်ကာ အန်းချန်ချင်း ရှောင်းကျီကောကို ဦးဆောင်ခေါ်သွားနေသည်။

အနောက်ခြံဝန်း၌ ယခုချိန်ခါတွင် လူများပျားပန်းခပ်နေကြလျက် ရံဖန်ရံခါငိုသံကြီးကို ကြားနိုင်၏။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Tempat cerita menjadi hidup. Temukan sekarang