အပိုင်း[၇]

2.3K 392 31
                                    

- UNICODE -

[အပိုင်း ၇]

အန်းချန်ချီသည် တစ်ချိန်က အန်းချန်ချင်းအတွက် အချိန်အကြာကြီးကြာအောင် အိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့၏။

နီတာရဲကတည်းက အန်းချန်ချင်းသည် အလှလေးအဖြစ်ကောင်းချီးပေးခံရပေသည်။ ဆယ်ကျော်သက်အရွယ်သာရှိသေးပြီး ကြန်အင်္ဂါရပ်များပြည့်ပြည့်ဝဝမဖွံ့ဖြိုးသေးချိန်ဝယ် သူလေးသည် ကောင်ကလေးလိုလို၊ ကောင်မကလေးလိုလို၊ ပုံစံကလေးဖြစ်ခဲ့သည်။ မိန်းကလေးများသည် သူတို့ထက်ပိုလှနေ၍ သူ့ကိုမနာလိုစဉ် ယောက်ျားလေးများသည် သူဟာမိန်းမဆန်းလွန်း၍ မုန်းခဲ့သည်။ အချိန်အကြာကြီးကြာအောင် သူဟာ သူ၏ကလေးဘဝကို အမှောင်ထဲတွင် ဖြတ်သန်းခဲ့ရ၏။ သူ့ကိုခေါ်ဖူးသည့်တစ်ယောက်တည်းသောသူမှာ အန်းချန်ချီဖြစ်သည်။

ဒုတိယမိသားစုခွဲ၏တစ်ဦးတည်းသောသားဖြစ်သည့်အလျောက် အန်းချန်ချီသည် မွေးဖွားစဉ်မှစ၍ အချစ်မေတ္တာများဖြင့်သွန်းလောင်းခံခဲ့ရသည်။ သူကား အန်းချန်ချင်းထက် ငါးနှစ်ကြီး၏။ အန်းချန်ချင်းတစ်ဆယ့်နှစ်နှစ်အရွယ်တွင် သူဟာ တစ်ဆယ့်ခြောက်နှစ်၊ တစ်ဆယ့်ခုနစ်နှစ်လူငယ်ကလေးဖြစ်နေ‌လေပြီ။ အကြီးဆုံးမြေးဖြစ်သည့်အန်းချန်ယွိအပြင် အန်းချန်ချီသည် အိမ်တော်သခင်မကြီး၏အနှစ်သက်ဆုံးသောမြေးများထဲမှတစ်ဦးဖြစ်ပေသည်။

အခြားကလေးငယ်များကိုဆူကာ အန်းချန်ချင်းကို ထင်းတဲထဲမှကယ်ပေးပြီးသည့်နောက်တွင် အန်းချန်ချင်း ဤအစ်ကိုဖြစ်သူကို အမှန်တကယ်ရိုသေလေးစားခဲ့ရသည်။ အန်းချန်ချီသည်လည်း ထိုမှစ၍ သူ့အပေါ်ကောင်းပေးတော့ကာ နိုင်ထက်စီးနင်းလုပ်သူများဆီမှ တစေကယ်ပေးပြီး စားကောင်းသောမုန့်များနှင့်လှပသောအဝတ်အထည်များကိုဝယ်ပေးလေသည်။

သူ၏တစ်ဆယ့်နှစ်နှစ်ပြည့်‌မွေးနေ့တွင် အန်းချန်ချီသာ သူ့ကို အဓမ္မပြုကျင့်ရန်မကြိုးစားခဲ့ပါလျှင် အရာအားလုံးဟာကောင်းမွန်စွာတည်နေဦးမည်ပင်။

နွေဦးကထိုတစ်နေ့ကို အန်းချန်ချင်း ကွက်ကွက်ကွင်းကွင်းကြီးကို ပြန်လည်မှတ်မိနိုင်ပါသည်။ သူ၏မွေးနေ့သည် ဖေဖော်ဝါရီလ တစ်ဆယ့်ငါးရက်တွင်ဖြစ်ကာ နွေဦးရာသီ နေ့တာနှင့်ညတာညီမျှသောနေ့*နှင့် တစ်နေ့တည်းဖြစ်၏။ အန်းမိသားစုတစ်စုလုံးသည် နွေဦးရာသီစားသောက်ပွဲတော်ကြီးကို ပြင်ဆင်နေကြသော်ငြား တတိယသခင်လေးသည်လည်း ဤနေ့တွင်မွေး‌ဖွားခဲ့ကြောင်းကို မည်သူမျှသတိမရကြချေ။

စစ်သခင်၏ ကြင်သက်လျာ | စစ္သခင္၏ ၾကင္သက္လ်ာ ╚ ဘာသာပြန် ╗Where stories live. Discover now